Angel Pattern Swiss Roll

Angel pattern swiss roll

Angel Pattern Swiss Roll

Ingredients :

  1. Egg – 4 ( yolks and white separated )
  2. Sugar – ½ cup
  3. All Purpose Flour – ¼ cup ( or ) 4 tbsp
  4. Corn Starch – ¼ cup
  5. Vanilla extract – 1 tsp
  • Preheat oven 375ºF – 10 ~ 12 minutes
  • ( Swiss roll patterns ( strawberry, star, cherry, apple, heart, christmas tree, color spots, snow flake and etc …. )

Swiss Roll

  1. ကြက်ဥ – ၄ လုံး ( အနှစ် နှင့် အကာကို သပ်သပ်စီ ခွဲထားပါ။ )
  2. သကြား – ½ cup
  3. ဂျုံမှုန့် – ¼ cup ( or ) 4 tbsp
  4. ကော်မှုန့် – ¼ cup
  5. သစ်ခွ အနံအရသာ အမွှေးဆီ – 1 tsp

  • ကြက်ဥ အကာ ၄ လုံးကို မွေစက်ဖြင့် High Speed ထားပြီး မွှေပါ။
  • ၁မိနစ် ခြားစီ စက်ဖြင့် မွှေပြီး အကြာမှာ သကြား ထမင်းစားဇွန်း ၁ ဇွန်းစီ ထည့်သွားပါ။
  • မွှေစက်ဖြင့် ကြက်ဥအကာကို ၁ မိနစ်ခြားစီ သကြား တစ်ဇွန်းစီ ထည့်ပြီး ၅ မိနစ် အကြာမှာ ခရမ်အနေအထား ပြစ်ပြစ် ကို ရလာပါလိမ့်မယ်။
  • ကြွေပန်းကန်လုံးကို မောက်ပြီး ကြည့်လိုက်ပါ။ ကြက်ဥအကာ ( ခရမ် )များ အောက်ကို ပြုပ်မကျလာတဲ့ အနေအထားကို ရနေပါပြီ။
  • ဆက်မွှေချင်သေးရင် ၈ မိနစ်လောက်အထိ မွနေအောင် မွှေလို့ရပါတယ်။

ကြက်ဥ အကာ ခရမ် ပြစ်ပြစ်

ကြက်ဥ အကာ ၄ လုံး နှင့် သကြား ¼ cups – ၅ မိနစ် အကြာ မွှေအပြီး

ကြက်ဥ အနှစ် ၄ လုံး နှင့် သကြား ¼ cup ၂ မိနစ်အကြာ မွှေအပြီး

  • ဂျုံမှုန့် – 1/4 cup
  • ကော်မှုန့် – 1/4 cup
  • vanilla extract – 1tsp
  • နှယ်ပြီးတာနဲ့ မွှေပြီးသား ကြက်ဥ အနှစ် ပန်းကန်လုံးကို ယူပီး  ထည့်ရောပါ။
  • ပြီးမှ သကြားနှင့် အတူ မွှေပြီးသား  ကြက်ဥ အကာ ကို ထည့်မွှေပါ။
  • ပြီးလျှင် oven tray ထဲ ထည့်ပါ။
  • ၁၀ လက်မ ပတ်လည် oven tray လည်း ရပါတယ်။
  • အခု swiss roll က 8″ x 12″ oven tray
  • ( oven foil တွေက အောက်မျက်နှာပြင် မညီပါဘူး။ အဖု အဖောင်းတွေနဲ့ အလှူမီနီယံ foil တွေပါ။ oven tray ကို သုံးတာ ပိုကောင်းပါတယ်။ အောက်မျက်နှာပြင် ညီညာ ပြန့်ပြန့်လေး )
  • ကြိုတင် ဖွင့်ထားသော Preheat oven ထဲမှာ 375ºF – ၁၁ မိနစ်လောက်ဆို ရပါပြီ …

ရလာတဲ့ ကိတ်သားကို ၅ မိနစ်လောက် အအေးခံပါ။

ပြီးရင် လိပ်လိုက်ပါ။

ဒီလို အနေအထားလေး …

ခရမ် သုပ်ချင်သုပ်

strawberry jam, chocolate jam, apple jam, cherry jam, blueberry jam and etc …

ကိုယ်စားချင်တာ ကြိုက်တာ သုပ် …

သုပ်ပြီးရင် ပြန်လိပ်ထားလိုက်ပါ။

တံဆိပ်တုံး ရိုက်ဖို့ အဆင့်သင့်

ဘေးသား အနားသားတွေ ညီညီညာညာ ဖြစ်ဖို့ လှီးဖြတ်ထားလိုက်ပါ။

ဘေးသားများ

Green food color – 1 drop

milk – 1 tsp

angel cookie cutter

ကိတ်မုန့်သားပေါ်မှာ တံဆိပ်နှိပ်

ကိုယ့်စိတ်တိုင်းကျ ပုံဖော် ပြီး နှိပ်ချင်သလို နှိပ်

အတွင်းပိုင်းအထဲထိပါ အရောင် ထပ်ဆိုးချင် ဆိုးလို့ ရပါသေးတယ်။

ကိတ်မုန့်ဖုတ်တဲ့ နေရာမှာ သုံးထားသော Food color မို့ စိတ်ချ ရပါတယ်။

Red food color – 1 drop

milk – 1 tsp

Angel cookie cutter

သမီးအတွက် အမှတ်တရ ဖြစ်စေချင်လို့ Angel ပုံ ဖော်ပေးတာပါ။

Strawberry ပုံ … Star ပုံ … cherry ပုံ … heart အသည်းပုံ .. စပေါ့လေး တွေ ရောင်စုံ စီထားတဲ့ ပုံ အမျိုးစုံ မိမိ စိတ်တိုင်းကျ ပုံဖော်လို့ ရပါတယ်။

အရမ်းလည်း လွယ်ပါတယ်။

ကိုယ့်စိတ်ကူးအတိုင်း လွယ်လွယ်ကူကူ ကိတ်မုန့်ဖုတ်ရင်း ပျော်ရွှင် ကြည်နူးနိုင်ကျပါစေ ..

Fridge – 1 hour

အထဲက ခရမ် ခဲဖို့ လိုတယ်ဆိုရင် ရေခဲသေတာမှာ တစ်နာရီလောက် အအေးခံပြီးမှ လှီးပါ။

Jam တွေ ထည့်ထားလည်း ရေခဲသေတာမှာ တစ်နာရီလောက် အအေးခံထားပါ။

ပြီးရင် ကိတ်မုန့်ပဲ ဖြစ်ဖြစ်၊ ပေါင်မုန့်ပဲ ဖြစ်ဖြစ် .. ပလတ်စတစ် အဖုံးပါသော မုန့်အုပ်ဆောင်းထဲမှာ သိမ်းထားပါ။

အပြင်မှာ လေမသလပ်ထားပါနှင့် .. ကိတ်မုန့်ဆိုရင် ကိတ်သားများ မာသွားလိမ့်မယ်။ ပေါင်မုန့်လည်း ထိုနည်းလည်းကောင်း ပေါင်မုန့်သားများ မာသွားပါလိမ့်မယ်။ ၁၂ နာရီ အကြာဆိုရင် သိသာတယ်။

ပလတ်စတစ် အုပ်ဆောင်းဖြင့် အုပ်ထားတော့ ကိတ်မုန့်ဆိုရင် ရေခဲသေတာမှာ ပဲ သိမ်းသိမ်း၊ အပြင်မှာပဲ ထားထား မုန့်ဖုတ်ခါစ အရသာအတိုင်းပဲ .. မပြောင်းဘူး။

ပေါင်မုန့်လည်း ထိုနည်းလည်းကောင်းပဲ …

ဒါကြောင့်မို့ ကိတ်မုန့် ဆိုင်တွေမှာ ကိတ်မုန့်ဆို အအေး ပေါ့ပေါ့ပဲ ထားတဲ့ cooler မှာ ထည့်ပြီး .. ပေါင်မုန့်ဆို ဖန် အကြည် အုပ်ဆောင်းထဲမှာ သိမ်းထားတတ်ပါတယ်။

လေသလပ် မခံသော မုန့်ကလေးများ ဖြစ်ပါတယ်။

Advertisements

One comment on “Angel Pattern Swiss Roll

  1. Pingback: Strawberry Pattern Swiss Roll | Colourful Recipes

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s