ဌက်ပျော်သီး ၆ လုံးကို …
အုန်းနို့ တစ်ဗူးနဲ့ မွှေစက်ထဲ ထည့်မွှေလိုက်ပါ။
ပီးမှ ဂျုံမှုန့် – ဆန်ချိန်ခွက် နဲ့ တစ်ခွက်
Baking Soda – လက်ဘက်ရည် တစ်ဇွန်း၊
သကြား – ထမင်းစားဇွန်း – ၇ ဇွန်း မောက်မောက်၊
ဆား – လက်ဘက်ရည် တစ်ဇွန်း … ထည့်မွှေပီး …
အစားအသောက် အရောင်ဆိုးဆေး အနီရောင် အမှုန့် လက်ဘက်ဇွန်း ၄ ပုံ ၁ ပုံလောက်ကို ရေ အနည်းငယ်နဲ့ ဖျော်ပီး …
ဖျော်စက်ထဲ …. ထည့်မွှေပေးလိုက်ပါ။
မွှေပီးနောက် …
၎အောင်စ ထောပတ် ၁ တုံးခွဲ ( ထောပတ် – ၆ အောင်စ ) ကို မီးမြေးမြေး နဲ့ ထောပတ်ရည်ဖျော်လိုက်ပါ။
ဆန်ချိန်ခွက် တစ်ခွက်စာကို ဖျော်စက်ထဲ ထည့်မွှေ ရောလိုက်ပီး ….
ကျန် ထောပတ်ရည်များကို မုန့်ဖုတ်မယ့် oven foil ထဲ ထည့်လိုက်ပါ။
မုန့်နှစ်ကိုလောင်းထည့်အပီး
ဘိန်းစေ့
ဘိန်းစေ့ ကို နေရာမလပ် ဖြူးပေးပီး …
ရေခဲရိုက် အုန်းသီးခြစ်
အုန်းသီးခြစ်ကို နေရာမလပ် ဖြူးပေးလိုက်ပါ။
ပူနေအောင် ကြိုဖွင့်ထားသော 0ven ၏ အလယ်စင်မှာ မုန့်ဖုတ်မယ့် ဗန်းကို ထားပါ။
preheat oven ထဲ ထည့်ပီး 350 ºF နဲ့ ၄၅ မိနစ် နီးပါးလောက် မုန့်ဖုတ်လိုက်ပါ။
ဖုတ်ပီး နာရီဝက် အကြာမှာ အနံလေး မွှေးတက်လာတော့ oven တံခါးဖွင့်ကြည့်ပီး မုန့်ကို စမ်းကြည့်သေးတယ်။ အပေါ်သား မကျက်သေးတာနဲ့ အိမ်မှာတော့ ဒီလို oven စက် နဲ့ 45 minute လောက် အကြာ ဖုတ်ပီး …
မုန့်ဖုတ်ချိန် နာရီဝက် အကြာမှာ ဌက်ပျော်သီး ဆနွင်းမကင်း ဗန်းကို သွားကြားထိုးတံဖြင့် စမ်းသပ်ကြည့်ပါ။ သွားကြားထိုးတံလေးမှာ မုန့်နှစ်များ ကပ်ပါလာတယ်ဆိုရင် မုန့် ဆက်ဖုတ်ပါ။
သွားကြားထိုးတံမှာ မုန့်နှစ်များ ကပ်မပါလာဘူးဆိုလျှင် မုန့်သားကျက်ပီမို့ ဌက်ပျော်သီး ဆနွင်းမကင်းဗန်းကို အပြင်မှာ နာရီဝက် ( သို့မဟုတ် ) ၁၅ မိနစ်လောက် အအေးခံပြီးမှ မုန့်များကို ဓါးဖြင့် လှီးပါ။
ဌက်ပျော်သီး ဆနွင်းမကင်း
ဘိန်းစေ့ ပါလို့ ပိုပီး ဆနွင်းမကင်း အရသာ ရှိသွားပါတယ်။
ကိုယ့် အနေနဲ့ အချိုက အတော်ပါပဲ။
ဌက်ပျော်သီး အမှည့်ဖြင့် ဌက်ပျော်သီး ဆနွင်းမကင်း မုန့်ဖုတ်မယ်ဆိုလျှင် ဌက်ပျော်သီးမှည့်များကို ဖျော်စက်ဖြင့် မမွှေပါနှင့် လက်ဖြင့် ချေပြီး မုန့်ဖုတ်ပါက ပိုစားကောင်းပါသည်။ ဖျော်စက်ဖြင့် ဖျော်လိုက်လျှင် ဌက်ပျော်သီး မုန့်နှစ်အရည်များ များသွားနိုင်ပါသည်။
အုန်းနို့ခေါက်ဆွဲ
ခေါက်ဆွဲဖတ်
အုန်းနို့ဟင်းရည်အိုး
ငါးဖယ်ကြော် (Ready made) ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီး အကျက်မှုန့်၊