ကြာဇံကြော်

Fried rice vermicelli

သမီးလေး မန်ဆာချူးဆက်ဘက်ကို Field Trip သွားမှာမို့ Lunch box မှာ ကြာဇံကြော် ထည့်ပေးလိုက်တယ်။ ကိုယ်တို့ မိသားစု က Trip တို့ ခရီးတွေ သွားရင် ကြာဇံကြော်ကို စားသောက်ရတာ အလွယ်ကူဆုံးနဲ့ အရသာအရှိဆုံးမို့ စားသောက်တတ်ကြပါတယ်။

ဆန်ကြာဇံတွေကို အရင်ဆုံး ရေနွေးလေးနဲ့ စိမ်ထားလိုက်ပါ။

ဝက်အူချောင်းကို ပါးပါးလှီးပီး မီးဖို မီး မြေးမြေးလေးနဲ့ပဲ ဆီပူထဲ သကြားနည်းနည်း အရင်ထည့်ပီး မှ လှီးထားတဲ့ ၀က်အူချောင်းတွေ ထည့်ကြော်လိုက်ပါ။
( ၀က်အူချောင်း က နဂို အချိုလေးရင် သကြား မထည့်ကြော်ပါနှင့် .. ကိုယ်တို့က ငယ်ငယ်လေးကတည်းက ၀က်အူချောင်းကြော်ရင် သကြား နည်းနည်းလောက် ထည့်ကြော်တတ်တာ အကျင့်ပါနေလို့ပါ )

ရေခဲသေတ္တာထဲက ဘဲဥကို ရေနွေး အရင်စိမ်ပီးမှပဲ ဘဲဥကို ခွဲပီး ခေါက်ထားလိုက်ပါ။
( ဒီက ဘဲဥ၊ ကြက်ဥတွေက ရေခဲသေတ္တာထဲက ထုတ်ထုတ်ချင်းဆို အေးလွန်းလို့ ခဲနေတတ်ပါတယ်။ ရန်ကုန်မှာဆိုရင်တော့ တခါတည်းသာ ဘဲဥ ဖြစ်ဖြစ်၊ ကြက်ဥဖြစ်ဖြစ် ခေါက်ထားလိုက်ပါ )
pan အိုးထဲ ဆီနည်းနည်းထည့်ပီး အပြားလိုက်ကြော်၊ ရပီဆိုရင် ပန်းကန်မှာ ခဏလေး အအေးခံပီးမှ လိပ်လိုက်ပီး ဘဲဥကြော်ကို ဓါးနဲ့ ပါးပါးလှီးလိုက်ပါ။

ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။

broccoli ကို သေးသေးလေးလှီးထားပါ။ broccoli ရိုးတံလေးအပါ ပါးပါးသေးသေးလှီးထားတာနဲ့ မုန်လာဥနီ အ၀ိုင်းလေးတွေ။
carrot cutter လေးများဖြင့် မုန်လာဥနီကို ပန်းပွင့်ပုံ၊ ကြယ်ပုံ ဖော်ပီး လှီးဖြတ်ထားလို့ ရပါတယ်။

ဂေါ်ဖီထုပ်ကို အနေတော်လှီးထားပါ။

ရေနွေးနဲ့ စိမ်ထားသော ဆန်ကြာဇံတွေကို ဆယ်လိုက်ပီး၊ ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည် အကြည်၊ အနောက် နဲ့ နှယ်ပေးထားပါ။

ကြာဇံကြော်ရာမှာ အသုံးပြုသော ပစ္စည်းများ

 ဒီဇွန်းနဲ့ပဲ အနောက်ရည် ၃ ဇွန်း၊ ပဲငံပြာရည် အကျဲ သုံးဇွန်း ထည့်ပါ။
အနောက်ရည် ( သို့မဟုတ် ) အပြစ်ရည် – sweet soy sauce
ပဲငံပြာရည် အကျဲ – dark soy sauce

ဆီ ထည့်ထားတဲ့ ဒယ်အိုးထဲမှာ အရင်ဆုံး ကြက်သွန်ဖြူ ဓားပြားရိုက်ကို ဆီသတ်။ ပီးရင် ဟင်းသီးဟင်းရွက်တွေ အကုန်ထည့်။ ငံပြာရည်လေး ၅ စက်လောက်ဆို ရပီ။ မွှေပီးတော့ ရေလေး နည်းနည်းထည့်ပီး အဖုံးခဏ အုပ်ချက်လိုက်တယ်။ ပီးတာနဲ့ ….

နယ်ထားတဲ့ ဆန်ကြာဇံထည့်မွှေ၊ ကြာဇံက မီးပူ အရှိန်နဲ့ နူးတက်လာပါလိမ့်မယ်။ ပီးတာနဲ့ ၀က်အူချောင်းကြော်ရယ်၊ ဘဲဥခေါက်ကြော်ရယ်ပါ ပေါင်းထည့်ပီး ငရုတ်ကောင်းမှုန့်လေး ပါ ဖြူးလိုက်ပါ။ ယောင်းမ ၂ ချောင်းနဲ့ မွှေရင် ကြာဇံကြော်က မွှေကြော်လို့ ပိုကာင်းပါတယ်။

နူးတက်လာတဲ့ ကြာဇံတွေလည်း မကြေလွယ်တော့ပါဘူး။ ခပ်ဖွဖွလေးနဲ့ ခပ်မှန်မှန်လေး ဆန်ကြာဇံများနှင့် ဟင်းသီးဟင်းရွက်ကြော်များ၊ ဘဲဥခေါက်ကြော်များ၊ ၀က်အူချောင်းကြော်များကို သမ နှံစပ်နေအောင် မွှေကြော်ပေးရုံပါပဲ ..

ကိုယ် ဒီနေ့ ကြော်တဲ့ ကြာဇံကြော်က လုံးဝ မငန်ဘူး။ ကြာဇံကြော် က နူးလည်း နူးတော့ သမီးလေး trip lunch မှာ စားဝင်မှာ သေချာတယ်။ ဟင်းသီးဟင်းရွက်တွေကိုလည်း လုံးဝ အနွမ်းကြီး မချက်ထားဘူး။ သမီးအကြိုက် စိမ်းစိမ်းစိုစို လေးနဲ့ စားလိုက်ရင် အရသာရှိသလိုမျိုးလေး ချက်ထားပေးတယ်။

ကြာဇံကြော်

ဒါက ကြာဇံကြော်နဲ့ တွဲစားဖို့ အချဉ်၊ ဂေါ်ဖီ ပါးပါးလှီးထားတာရယ်၊ သခွါးသီးကို ပါးပါးလေး လှီးထားတာ၊ ကြက်သွန်နီ ပါးပါးလှီးထားတာနဲ့ ငရုတ်သီးစိမ်းတို့ အပေါ်မှာ ငရုတ်ဆီ ဖြန်းထားတာ။

Advertisements

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s