Lemon grass pork curry

ဝက်သား စပါးလင် အချိုချက်

Pork with lemon grass curry

Ingredients

  • 2.5 lb   – pork
  • 4 cloves garlic, crushed
  • 1 lemon grass, chopped
  • 1/4 cup finely chopped fresh corinder stalks
  • Red onion ( Medium ) – 1

  • 2 tbsp – soy sauce
  • 2 tbsp – fish sauce
  • 3 tbsp – seasame oil
  • 1 tbsp – sugar
  • 1/4 cup – Chilli Sauce

fresh corinder stalks ( နံနံပင် ရိုးတံများ )

  • ၀က်သား – ၂ပေါင်ခွဲ
  • ကြက်သွန်ဖြူ – ၄ မွှာ
  • စပါးလင် – ၁ ချောင်း
  • နံနံပင် ရိုးတံ – အနည်းငယ်
  • ကြက်သွန်နီ  – ၁ ဥ

  • ပဲငံပြာရည် အကြည် – ထမင်းစားဇွန်း     ( ၂ ) ဇွန်း
  • ငါးငံပြာရည် – ထမင်းစားဇွန်း ( ၂ ) ဇွန်း
  • နှမ်းဆီ – ထမင်းစားဇွန်း ( ၃ ) ဇွန်း
  • သကြား – ထမင်းစားဇွန်း ( ၁ ) ဇွန်း
  • ငရုတ်ဆီ – ခွက် လေးပုံ ၁ ပုံ

  • ၀က်သားကို တစ်လက်မ အရွယ် အသားတုံး တုံးထားပါ။
  • ၀က်သားကို ပဲငံပြာရည်၊ ငါးငံပြာရည်၊ နှမ်းဆီ ထမင်းစားဇွန်း ( ၂ ) ဇွန်း၊ သကြား၊ ငရုတ်ဆီတို့ဖြင့် နှံစပ်နေအောင် နှယ်ပီး နာရီဝက်လောက် နှပ်ထားပါ။

 

  • ကြက်သွန်ဖြူ – ၄ မွှာကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။
  • စပါးလင် တချောင်းကို ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ပါ။
  • နံနံပင် ရိုးတံများကို  နှုတ်နှုတ်စင်းထားပါ။
  • ကြက်သွန်နီ တဥ ကို လေးစိတ် စိတ်ထားပါ။

အသားများ နှပ်ထားပီး နာရီဝက်အကြာမှာ –

ချက်မယ့်အိုးထဲ ဆီကို ထမင်းစားဇွန်း တစ်ဇွန်းထည့် အပူပေးပါ။

ဆီပူပီ ဆိုတာနှင့် ကြက်သွန်ဖြူ ထည့် အရင်မွှေပီး ဆီသတ်ပါ။

ပီးလျှင် စပါးလင် ထည့် မွှေ ကြော်ပါ။

နှုတ်နှုတ်စင်းထားသော နံနံပင် ရိုးတံများထည့်ပါ။

ဆီကိုမွှေးနေအောင် ဆီသတ်ကြော်ပီး တအောင့်ကြာမှ –

နှပ်ထားသော ၀က်သားများကို ထည့်မွှေပါ။

ဝက်သား အသားကျစ်သည့် အထိ မွှေပါ။

ပီးမှ ရေ ထည့်ပါ။

ရေ ၃ ရေလောက် ချက်ပီးလျှင် ၀က်သား အသား နူးအိနေပါပြီ။

ဝက်သား ဆီပြန်လာခါနီးမှာ ဆား – လက်ဘက်ရည်ဇွန်း ၁ ဇွန်း ( သို့မဟုတ် ) လက်ဘက်ရည်ဇွန်း တ၀က် ဆားဖြူးပီး ဆီပြန်နေအောင် ဟင်းအိုးကို မွှေပါ။

ဝက်သား စပါးလင် အချိုချက် …

ငရုတ်ဆီကြောင့် အစပ် အရသာလည်း ပါသလို … ( ခပ်စပ်စပ်လေး စားနိုင်လျှင် ငရုတ်ဆီကို ခွက် ၁ ခွက်လောက် ထည့်ချက်နိုင်ပါတယ်။ )

စပါးလင် အနံမွှေးမွှေး .. နံနံပင် ရိုးတံ မွှေးမွှေးလေးဖြင့် စားချင်စဖွယ် ဟင်းလျှာ တစ်မျိုးပါ။

Advertisements