နန်းပြားသုပ်

 

နန်းပြားသုပ်

အသုပ် နယ်ပီးပုံ

နံနံပင် ပါ ထည့်စားချင်လို့ နံနံပင် ထည့်သုပ်ထားသော နန်းပြားသုပ်

နန်းပြားသုပ် နှင့် ဟင်းရည် 

 

နန်းပြား ခေါက်ဆွဲ၊ ပဲပင်ပေါက်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်သားဖတ်၊ ငံပြာရည်၊ ပဲမှုန့်၊ သံပုရာသီး

 

မုန့်ကြွပ်ကြော် နှင့် နံနံပင်က ကြိုက်လို့ ထည့်စားသော နန်းပြားသုပ်

နန်းပြားသုပ် နှင့် ဟင်းရည်

ကလေးများအတွက် အချိုသုပ် ( ငရုတ်သီး ဆီချက် တစ်ဇွန်းပဲ ထည့်၊ သူတို့အတွက် သပ်သပ် ချက်ထားတဲ့ ကြက်သွန်ဖြူ ဆီချက် ထည့်သုပ်ထားသော ကလေးများအတွက် နန်းပြားသုပ် )

 

မုန့်ကြွပ်ကြော် နှင့် ကြက်ဥပြုပ်ပါ ထည့်သုပ်ပေးထားတယ်။

နန်းပြားသုပ် ( ချဉ်၊ ငံ၊ စပ် ) ပုံမှန်ထက် … ငံပြာရည် တဇွန်း၊ ငရုတ်သီး အကျက်မှုန့် ၂ ဇွန်း၊ သံပုရာသီး တစိတ် ပိုထည့် သုပ်ပီး နံနံပင် များများ၊ ကြက်သွန်နီများများ ထည့်သုပ်ပေးထားသော နန်းပြားသုပ် ချဉ်၊ ငံ၊ စပ် နံနံပင် နှင့် သံပုရာနံ မွှေးမွှေးလေး

နံနံပင်၊ ကြက်ဥပြုပ်၊ သံပုရာသီးစိတ်

မုန့်ကြွတ်ကြော်

ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ရေနွေးဖြောထားသော ပဲပင်ပေါက်

ကလေးများအတွက် အချိုသုပ်ပေးမှာမို့ သပ်သပ် ကြော်ပေးထားသော ကြက်သွန်ဖြူ ဆီချက်

ဟင်းရည်ထဲ ထည့်ခတ်ဖို့ ကြက်သွန်နီကြော်

နန်းပြားသုပ် ထဲ ထည့်စားဖို့ ငရုတ်သီး ဆီချက်

ကြက်သားပြုတ်ရည်ထဲ ငရုတ်ကောင်းမှုန့် များများဖြူးထည့်ပီး ကြက်သွန်ကြော် ခတ်ထားသော နန်းပြားသုပ် နှင့် တွဲစားဖို့ ဟင်းရည်

** ချက်၊ စားနည်း **

 

 

အိမ်မှာ ချက်တာက အရေခွံ မပါ ကြက်ရင်ဘုံသား ၃ တုံးကို ရေစင်ကြယ်အောင် ဆေးပီး ငံပြာရည် ဆန်ချိန်ခွက် နှင့် သုံးပုံ တစ်ပုံထည့်၊ ရေကို အိုးတ၀က်လောက် ဖြည့်ပီး ကြက်သားပြုပ်ထားပါ။

 

 

ပီးရင် ကြက်သားမျှင်လေးတွေ နွှာထား …

 

ဟင်းရည် ထဲ ခတ်ထည့်ဖို့အတွက်  ကြက်သွန်နီကို ပါးပါးလှီး ပီး ကြော်။ 

ဟင်းရည်အတွက် …

ကြက်သားတုံး ဆယ်ပီးသွားသော ကြက်ပြုတ်ရည်အိုးထဲကို ရေ ထည့်ဖြည့်၊ ဟင်းခတ်မှုန့်၊ ဆား အနည်းငယ်ထည့်၊ ငရုတ်ကောင်းမှုန့်ဖြူးပီး ကြက်သွန်နီကြော်ခတ်ထည့် .. ဟင်းချို ချက် …

 

 

ငရုတ်သီးဆီချက်အတွက် … ဆီကို ကျက်နေအောင် တည်ပီး မီးပိတ် … ငရုတ်သီး အစိမ်းမှုန့် ၂ ဇွန်းလောက်ထည့်၊ ဆား နည်းနည်းထည့်ပီး ချက်ထားသော ငရုတ်သီး ဆီချက် …

 

 

နံနံပင်၊ ကြက်ဥပြုပ်၊ သံပုရာသီးများကို ပါးပါးလှီးထား …

 

 

ခေါက်ဆွဲခြောက်

 

 

အညွှန်းအတိုင်း … 4 quarts အိုးထဲ ရေကို ဆူအောင်တည်ပီး ဆား ၂ ဇွန်းထည့်၊ ခေါက်ဆွဲခြောက်ထည့်၊ ၁၁ မိနစ်မှာ ဆယ်ပီး ဇကာနဲ့ ရေစစ်ထားလိုက်တယ်။

 

 

မုန့်ကြွတ်ခြောက်ကို မီးမြေးမြေးနဲ့ ဆီနှစ်ပီး ကြော်ထားပါ။

 

 

 

ပဲမှုန့်

 

 

သုပ်စားဖို့ အဆင့်သင့်

 

 

ငံပြာရည်

 

 

တယောက်စာ မုန့်ဖတ်ထည့်၊ 

ပါးပါးလှီးထားသော ကြက်သွန်နီ၊

ကြက်သွန်မြိတ်၊

နံနံပင်၊

ရေနွေးဖြောထားသော ပဲပင်ပေါက်ထည့်၊ 

ငံပြာရည် ၁ ဇွန်း၊

ငရုတ်သီးဆီချက် ၃ ဇွန်း၊

ပဲမှုန့် ၃ ဇွန်း၊

ကြက်သားဖတ်၊

သံပုရာသီး တစိတ်

 

Advertisements

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s