Beef lemon grass curry
Ingredients :
- Beef – 3.5lb
- Lemon grass – 2
- Turmeric powder – 1/2 tsp
- Paprika Powder – 1 tsp
- Chilli paste – 1 tsp
- Salt – 1 tbsp
- Garlic – 5 cloves
- Onion – 1 Large
- Tomato – 2
- Oil – 1/4 cup
- Coconut milk – 3 tbsp
- Fish sauce – 2 tsp
အမဲသား စပါးလင်ချက်
ပါဝင်ပစည်းများ :
- အမဲသား – သုံးပေါင်ခွဲ
- စပါးလင် – ၂ ပင်
- ဆနွင်းမှုန့် – လက်ဘက်ရည်ဇွန်း တ၀က်
- အရောင်တင်မှုန့် – လက်ဘက်ရည်ဇွန်း တဇွန်း
- ငရုတ်သီး အနှစ် – လက်ဘက်ရည်ဇွန်း တဇွန်း
- ဆား – ထမင်းစားဇွန်း တဇွန်း
- ကြက်သွန်ဖြူ – ငါးမွှာ
- ကြက်သွန်နီ – အလုံးကြီး ၁ လုံး
- ခရမ်းချဉ်သီး – အနေတော် ၂ လုံး
- ဆီ – ခွက် လေးပုံ ၁ ပုံ
- အုန်းနို့ရည် – ထမင်းစားဇွန်း ၃ ဇွန်း
- ငံပြာရည် – လက်ဘက်ရည်ဇွန်း ၂ ဇွန်း
- အရင်ဦးဆုံး .. အမဲသားများကို တလက်မ အရွယ် အနေတော်တုံးထားပီး …
- ဆား၊ ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ငရုတ်သီး အနှစ်များဖြင့် နယ်ပီး နှပ်ထားပါ။
- ကြိတ်စက်ဖြင့် သော်လည်းကောင်း ( ငရုတ်ဆုံဖြင့် ) ကြက်သွန်ဖြူ၊ ကြက်သွန်နီ ( အနေတော် ရှလွတ် .. ကြက်သွန်နီ ဆိုလျှင် ကြက်သွန်နီ ၄ .. ၅ လုံးလောက် ထည့်ချက်ပါ ) .. ဒီက ကြက်သွန်နီများက ထောပတ်သီးလောက် ကြီးလို့ တစ်လုံးပဲ ထည့်ချက်ထားပါသည်။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ကြိတ်ထားပါ ( ထောင်းထားပါ )
- စပါးလင် ၂ ပင်ကို ပါးပါးလှီးပီး ကြိတ်ထားပါ။
- ခရမ်းချဉ်သီး ၂ လုံးကို ရှစ်စိတ်ခြမ်း လှီးဖြတ်ထားပါ။
ချက်မယ့် အိုးထဲမှာ ဆီ ကို အပူပေးပီး ..
ဆီပူပီ ဆိုတာနှင့် စပါးလင်များကို ထည့် ဆီသတ်ကြော်ပါ။
စပါးလင်များကို မွှေကြော်ရင်း ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ထည့်ကြော်ပါ။
ေ၇ွှအိုရောင် သန်းချင်လာသည့် အထိ ကြော်ပေးနိုင်လျှင် ပိုစားကောင်းပါသည်။
( ဒန်ပေါက် ချက်သည့်အခါ .. မနှပ်တနှပ် ထမင်းအပေါ်မှာ ဟင်းအနှစ်များနှင့် အတူ .. ကြက်သွန်ကြော်များ ဖြူးပီး ဒန်ပေါက်ကို ပြန် နှပ်ချက်တော့ ဟင်းအနှစ်ဖတ်များများဖြင့် စားချင်စဖွယ် ကြက်သွန်နီကြော် အနှစ်ဖတ်များ ရရှိသလို …
ဝက်သားနီချက် ချက်သည့် အခါမှာလည်း နောက်ဆုံးတရေမှာ ကြက်သွန်နီကြော်များ ထည့်မွှေပီး ချက်တော့ ကြက်သွန်နီကြော်များက နူးအိပီး ဟင်းအနှစ်ဖတ်များ ရလာပါတယ် ) …
ဒီအတိုင်းပါပဲ .. ဒီဟင်းက စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ရွှေအိုရောင် သန်းသည့်အထိ ကြော်ပီး ဆယ်ထားပေးပါ …
ကျန်သည့် ဆီဖြင့် ခရမ်းချဉ်သီးများကို ထည့်ပါ .. ခရမ်းချဉ်သီးဖတ်များ နူးသွားအောင် .. အဖုံးခဏ အုပ်ပေးထားလိုက်လျှင်လည်း ရသလို …
မအုပ်ပဲ မီးဖိုပေါ်မှာ ယောင်းမ ဇွန်းဖြင့် ဖိချေပေးလျှင်လည်း ရသည်။
ခရမ်းချဉ်သီး ဖတ်များ ကြေလာခါနီးမှ နှပ်ထားသော အမဲသားများကို ထည့် ကြော်ပါ။
အမဲသား အရောင်ပြောင်းသည့်အထိ .. အမဲသား အသားတုံး ကျစ်လာသည်အထိ ကြော်ပေးပီးမှ ခုဏက ကြော်ထားသော စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်များထည့်မွှေပေးပီး …
ရေကို အသားတုံး မြုပ်အောင် ထည့်ပေးပါ။
Medium heat ဖြင့် ၂ ရေလောက် ချက်ပါ။
၂ ရေ လောက် ချက်ပီး ဆီပြန်လာခါနီးမှာ ငံပြာရည် လက်ဘက်ရည်ဇွန်းဖြင့် ၂ ဇွန်းထည့်မွှေပါ။
( အမဲသားကို အသားအစိမ်းမှာ ငံပြာရည် ထည့်နှယ်ထားတာမျိုး မဟုတ်ပဲ .. အမဲသား ကျက်လာခါနီးမှ ငံပြာရည် ထည့်ချက်ထားတာပါ )
အမဲသား အသားအစိမ်းမှာ ငံပြာရည် ထည့်နှယ်ရင် စားလို့ မကောင်းပါဘူး။
တချို့လည်း အဲလို ချက်တာကို စားလို့ ကောင်းလို့ ချက်စားတတ်ကြပါတယ်။
ကြိုက်နှစ်သက်သလို ချက်စားကြပါ။
အမဲသား အသားကျက်ခါနီးမှ ငံပြာရည် အစား ဆား နည်းနည်း ဖြူးချက်ရင်လည်း အရသာ တမျိုးပေးသလို .. ဟင်းခတ်မှုန့် ထည့်ချက်လည်း ရပါသည်။
ကြိုက်နှစ်သက်သလို ချက်စားကြပါ။
အဲဒီနေရာမှာ အရသာ ထည့်တာက .. ပီးရင် အုန်းနို့ရော ချက်တော့မှာမို့လို့ အရသာ သွင်းထားတာ။
အမဲသား အသားနူးအိပီး ဆီပြန်လာခါနီးမှာ အုန်းနို့ ထမင်းစားဇွန်းဖြင့် ၃ ဇွန်းမောက်မောက် ထည့်မွှေပါ။
မီးအား ပြင်းပြင်း တင်လိုက်ပီး .. အုန်းနို့ ဆီပြန်လာအောင် ဟင်းအိုးကို ခပ် မှန် မှန်လေး မွှေပေးထားလိုက်ပါ။
စပါးလင်ဖြင့် ချက်ထားသော အမဲသားဆီပြန်မှာ အုန်းနို့ အနည်းငယ် ခတ်ပီး ချက်ထားတာမို့ … အုန်းနို့ အနံ ခပ်ကျဲကျဲလေး ရသလို .. စပါးလင် အနံ မွှေးမွှေးလေးဖြင့် ပိုစားကောင်းပါတယ်။
အဲဒီ ဟင်းကို ချက်သည့်အခါမှာ အမဲသားက အဆီပါတဲ့ အမဲသားက ပိုကောင်းတယ်။
ပင်စိမ်းရွက် ရှိလျှင် ပင်စိမ်းရွက် အနည်းငယ် အုပ်ပေးလည်း ရပါတယ်။
အမဲသား အုန်းနို့ မွှေချက်မှာ ဆားထက်၊ ငံပြာရည်က ပိုလိုက်ဖက်ပါတယ်။
စကားမစပ် – ကာလာစုံ ဘလော့ကနေ တခု ခု ကို လိုချင်လို့ အမြန်ရှာချင်ရင် ဘေးနားက ဆိုဒ်ဘားမှာ search ဆိုတာ ရှိပါတယ်။ အဲဒီမှာ သွားပီး .. ဥပမာ – အမဲသား ဆိုတာ စာရိုက်ပီး enter ခေါက်လိုက်ရင် အမဲသားဖြင့် ချက်သော ဟင်းချက်နည်း အမျိုးမျိုး ထွက်ရှိလာပါလိမ့်မယ်။
အပေါ်နားက Menu bar မှာလည်း beef curry ကို နှိပ်လိုက်ရင် ရပါတယ်။ အဲဒါဆို ပိုစ့် တပုဒ်ခြင်းစီ ပြတယ်။
Search နဲ့ ရှာတဲ့အခါမှာ ပိုစ့် တပိုင်း တစ ပြတယ်။ ရှာရတာလည်း အချိန်ကုန် သက်သာပါတယ်။