ရုံပတေသီး မဆလာချက်

Lady finger masala curry


Masala


pirce


Ingredients


စမုန်စပါး – cumin


coriander seeds၊ ငရုတ်ကောင်းစေ့၊ စမုန်စပါး၊ လေးညင်းပွင့်


ဆီပူအိုးထဲမှာ ဆီကို အပူပေးပီးတာနဲ့ မဆာလာအထုပ်ထဲက အစေ့လေးတွေကို အရင်ဆုံး ဆီသတ်လိုက်ပါ။

ပျဉ်တော်သိမ်ရွက် ၄ရွက်လောက်ထည့်မွှေပါ။

နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ပါ။

ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့် ထည့်ပီး ဆီသတ်လိုက်ပါ။

ပီးတာနဲ့ ခရမ်းချဉ်သီး ပါးပါးလှီးထားတာ ထည့်ပါ။

ဆားလေးထည့်ပါ။

အသင့်ဖျော်ထားတဲ့ မန်းကျည်းမှည့်ရည်လေးထည့်မွှေပေးပီး

ခရမ်းချဉ်သီးဖတ်တွေ ကြေသွားတာနဲ့ ရုံပတေသီးထည့်ပါ။

ရုံပတေသီးဟင်းကို အရည်လေး စပ်စပ်လောက် လိုချင်တာမို့ ရေတခွက်လောက် ထည့်ပေးလိုက်ပီး အဖုံးအုပ်ချက်ထားလိုက်ပါ။

ရုံပတေသီးက နူးလွယ်တယ်။ တို့စရာအနေနဲ့ စားတဲ့အခါမှာ ရေနွေးပွက်ပွက်ဆူထဲ ၃ မိနစ်လောက် အဖုံးအုပ် ပြုတ်လိုက်ရင်ပဲ တို့စားလို့ ကောင်းတဲ့ အနေအထားကို ရပါတယ်။


တိုရှည် နဲ့ပဲ ဖြစ်ဖြစ်၊ ပေါင်မုန့်၊ ထမင်းနဲ့ တွဲစားရင် စားလို့ တော်တော်ကောင်းပါတယ်။ အဓိက က မဆလာအထုပ်ထဲမှာ ပါတဲ့ စမုံစပါး၊ အပါအ၀င် ဟင်းခတ်အမွှေးအကြိုင်တွေကြောင့်ပါ။ မန်းကျည်းမှည့်ရည်လေး ပါတော့ ခံတွင်းလိုက်တာပေါ့။







ရုံပတေသီဟင်း



ငရုတ်သီးတောင့်ကြော် နှင့် ရုံပတေသီးဟင်း


ငရုတ်သီးတောင့်ကြော်လေးကို ကိုက်ပီး ရုံပတေသီဟင်းလေး နဲ့ ထမင်းနှယ်စားရင် စားလို့ ကောင်းပါတယ်။ ခံတွင်းလိုက်ပါတယ်။ 

 

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s