ပေါက်ဆီ


ဝက်သားပေါက်ဆီ


ချက်၊ စားနည်း …


ဗီယက်နမ် ဆိုင်က ၀ယ်လာတဲ့ ဒီ တံဆိပ် နှင့် လုပ်ထားသော ပေါက်ဆီ ဖြစ်ပါတယ် .

အထုပ်မှာ ပါတဲ့ ချက်နည်း အညွှန်း အတိုင်းပဲ အိမ်မှာ ချက်ထားပါတယ် ….

အသား အတွက် ..

ကြိတ်ထားသော ၀က်သား၊ 

နှုတ်နှုတ်စင်းထားသော  ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း

သကြား

ငရုတ်ကောင်းမှုန့်

ပဲငံပြာရည်အကြည် အနည်းငယ် နှင့် အတူ

ဆား အနည်းငယ်၊ 

ဟင်းခတ်မှုန့် အနည်းငယ် … 

ဇွန်းဖြင့် နှယ်ထားလိုက်ပီး …

( ကြက်ဥပြုပ် တခြမ်းကို လေးစိတ် စိတ်ထားသော  ကြက်ဥပြုပ် – 3 လုံး … လှီး .. စိတ်ထားသော ၀က်အူချောင်း )

 

ဂျုံ အတွက် …

အထုပ်ထဲက ဂျုံ မှုန့် တွေကို ဇလုံထဲ ထည့်ထားပီး 

နွားနို့ – 1 cup

သကြား – 1/2 cup

ဆီ – 1 tbsp ( ထမင်းစားဇွန်း ၁ ဇွန်း ) … ဖျော်ထားပီး

 ဂျုံမှုန့် ခွက်ထဲကို ဖြည်းညင်းစွာ လောင်းထည့်ပီး ဂျုံနှယ်ထားလိုက်ပါ …

 

ပေါက်စီ လုပ်ဖို့ ဂျုံမှာ ပါဝင်သော ပစည်းများ .

နွားနို့ နှင့် ဂျုံကို နှယ်တာမို့ ၃ မိနစ်လောက် နှယ်အပီး မြင်ရပုံ …

၅ မိနစ်ကျော်မှာ နှယ်ပီး မြင်ရပုံ 

ရေစို အ၀တ်ဖြင့် ၂ နာရီလောက် အုပ်ထားပေးလိုက်ပါ …

၂ နာရီ အကြာမှာ …

ဂျုံလုံးကို စားပွဲပေါ် ဂျုံမှုန့် အနည်းငယ် ဖြူးပီး …

နှပ်ထားတဲ့ ဂျုံကို လက်ဖနောင့်ဖြင့် ဖိ … ဖိ ပီး နှယ်ထားပေးလိုက်ပါ။ …

ပီးမှ … ဂျုံကို အချောင်းလေး လိမ့် လိုက်ပီး …

ပေါက်ဆီ ဆိုဒ် လောက် ဓါးဖြင့် လှီးစိတ်ထားလိုက်တယ် …

( ကိုယ့် အတွေ့အကြုံ နှင့် ဆိုလျှင် )

ဂျုံတွေကို …

ဆီဖြင့် ကျော်စားမယ့် မုန့်တွေကို …. ဂျုံ နှယ်တဲ့ အခါမှာ စားပွဲပေါ်မှာ ဆီ အနည်းငယ် သုပ်ပီး ဂျုံ လိမ့်ပါတယ် … ( ဥပမာ – ပူရီ ၊ အီကြာကွေး )

ဖုတ်မယ့် … ပေါင်းမယ့် မုန့်တွေကို .. ဂျုံနှယ်တဲ့ အခါမှာ စားပွဲပေါ်မှာ ဂျုံမှုန့် အနည်းငယ် ဖြူးပီး ဂျုံ လိမ့်ပါတယ် … ( ဥပမာ – ပေါက်ဆီ၊ ပေါင်မုန့်၊ ကွတ်ကီး cookie cutter )

ဂျုံ နှယ်တဲ့ အခါမှာလည်း … ဂျုံမှုန့် ခွက်ထဲကို ရေ ( သို့ ) ဆီ ( သို့ ) ထောပတ် အရည် ဖြည်းညင်းစွာ လောင်းထည့်ပီး လက်တဖက်က ဂျုံကို အဆက်မပြတ် နှယ်သွားပါတယ် …

ရေ ထည့်ထားတဲ့ ခွက်ထဲကို ဂျုံမှုန့် ထည့်ပီး နှယ်သွားတာ မဟုတ်ပါဘူး …

ဂျုံကို လက်ဖနောင့်ဖြင့်   ဖိ နှယ်ပေးလိုက်ပီး ဂျုံသား ညက်သွားပီ ဆိုလျှင် …

ဂျုံ ချောင်း လုပ်လိုက်ပါ..

ဂျုံမှုန့် အနည်းငယ် ဖြူးထားတဲ့ စားပွဲပေါ်မှာ .. ဂျုံ ကို တင် ပီး လက် နှစ်ဖက် နှင့် တပြိုင်တည်း လိမ့်သွားပါ ..

ဂျုံကို လက် ၂ ဖက် နှင့် လိမ့်လိုက် .. အစွန်း ဘေး ၂ ဖက်ကို လက် ၂ ဖက်နှင့် ဆွဲလိုက် …

ဂျုံကို နောက်တခါ .. လက် ၂ ဖက်နှင့် စု ပီး လိမ့်နေရာကနေ .. လိမ့်ရင်း လိမ့်ရင်း လက် ၂ ဖက်ကို ကားကားပီး လိမ့်လိုက် …

အဲလို လိမ့်လိုက်ရင် ဂျုံ အချောင်း ရှည်ရှည်လေး ရမယ်လို့ …

ပီးမှ .. ပေါက်စီ အရွယ် လောက်ကို ဓါးနဲ့ စိတ်ထားလိုက်ပါတယ် …  

လှီးဖြတ်ထားသော ဂျုံ အလုံးကို … စားပွဲပေါ် ဂျုံ မှုန့် အနည်းငယ်ဖြူး ပီး ဂျုံလုံးကို လက်ဖ၀ါးဖြင့် အုပ်ပီး လိမ့်ပေးလိုက်ရင် … ဂျုံလုံးလေး တဖြည်းဖြည်း ဖြစ်လာပါလိမ့်မယ် …

 

ပီးမှ ဒလိမ့်တုံး ဖြင့် အပြားလိမ့်လိုက်တယ် …

ဂျုံပြား ၀ိုင်းဝိုင်းဖြစ်ဖို့ …

ပထမ – တည့်တည့် လိမ့် ( )

ဒုတိယ – ဘေးတိုက် လိမ့် ( )

တတိယ – ညာ တစောင်း လိမ့် ( – –   )

ဘယ်တစောင်း လိမ့် ( – – )

လိုက်ရင် ဂျုံပြား ၀ိုင်း ၀ိုင်းလေး ရပါလိမ့်မယ်….

 

နှယ်ထားတဲ့ အသား ကို ထမင်းစားဇွန်း ၁ ဇွန်းထည့်ပီး၊ ကြက်ဥပြုပ် တစိတ် နှင့် အတူ ၀က်အူချောင်းထည့် ..

ဂျုံ အနားစတွေကို အပေါ်ကို မ .. စု … လာပီး တခု နှင့် တခု ထပ် … ထပ်ပီး စု လိုက်ရင် ….

ဒီလိုပုံစံ ထွက်လာပါလိမ့်မယ် ….

( ကိုယ့်ရဲ့ First time မို့ မညီ ညာ တာ သည်းခံပါရှင် ) 

ပီးရင် … အပေါ်စ ဂျုံကို လက်နဲ့ လိမ်ပီး ထုံးလိုက်ရင် ပေါက်စီ အစာသွပ်ထားတဲ့ အပေါက် ပိတ်သွားပါလိမ့်မယ် …

ကွတ်ကီး paper ကို ဖြတ်ပီး ပေါက်ဆီအောက်မှာ ထားပီး ပေါင်းပါ …

နောက်တနည်း … ကိုယ် ပန်းပွင့်ပုံ ပေါင်မုန့်မှာ … အုန်းသီး အစာသွပ်သလို သွပ်ပီး ဒီလိုမျိုး အစာသွပ် အပေါက် ပိတ်မယ့် နေရာမှာ ကွတ်ကီး paper ကို ဖြတ်ပီး ကပ်လိုက်တဲ့ အခါ … တဖက်ကို လှန်ကြည့်လိုက်ရင် ဂျုံလုံး ၀ိုင်း ၀ိုင်း ပေါက်ဆီ အလုံး ကို မြင်ရပါလိမ့်မယ် …

 ဒီတခါတော့ … ပေါက်ဆီကို ပေါင်းအိုး နှင့် ပေါင်းလိုက်ရင် ဘယ်လိုပုံစံ ထွက်လာမလဲးလို့ … ဒီအတိုင်းပဲ အတွန့်ဘက်ခြမ်းကို ယူလိုက်တယ် ..


ပေါင်းအိုး .. ဇကာမှာ တင်ပီး .. အောက်က ရေထည့် .. မီးအားပြင်းပြင်း High Heat နှင့် မိနစ် ၂၀ ပေါင်းလိုက်ရင် …

ဒီလို အနေအထား နှင့် ပေါက်ဆီကို ရပါတယ် …

အထဲမှာ ၀က်သားပေါင်း နှင့် အတူ .. ကြက်ဥပြုပ် . အသားလည်း ကျက်တယ် …

ဒါက ပေါက်ဆီ အလုံး …

ကလေးများက … sweet chili sauce နှင့် စားပီး .. လူကြီးများက ငရုတ်ဆီ

ပဲကြော်များ 

ပေါက်ဆီများကို 

Aluminium foil ထဲ ထည့်ပီး … သူ့ အဖုံး နှင့် သူ ဖုံးပေးထားလိုက်တော့ ကြာရှည်ခံတယ် …

ပေါက်ဆီကျတော့ အသားပါတော့ ရေခဲသေတာပေါ့ .

နောက်တရက် ပြန်စားတဲ့ အခါမှာ … ပေါင်းအိုး ထဲ ရေကို ဇကာအောက် အထိ ထည့်ပီး .. ဇကာပေါ်မှာ မျက်နှာသုတ်ပုဝါ အသေးလေး ခင်းပီး အပေါ်ကနေ ပေါင်းပီးသား ပေါက်စီ တင် … ၅ မိနစ် …(သို့ )  ၁၀ မိနစ် … လောက် ပေါင်းလိုက်ရင် .. စားလို့ ကောင်းတယ် . 

သူ့ ဂျုံမှုန့် အချိုးအစားက ရောင်းတမ်းဝင် ပေါက်ဆီ ဂျုံ အရသာမျိုးမို့ ပိုကြိုက်ပါတယ် ..

 

ပြောပြချင်တာက ပေါက်ဆီလည်း အထားခံတယ်လို့ … ပြန်နွေးစားလို့ ရတယ်ဆိုတာ ပြောပြပေးချင်တာပါ …


Advertisements

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s