Pepper water

Pepper water

 

  •  cumin seeds – 1tsp
  • mustard seed – 1tsp
  • curry leave – 7
  • tomato – 1
  • garlic – 5 cloves
  • dried chili – 5
  • pepper – 1tsp
  • salt – 1 tsp
  • tamarind
  • coriander

 

ဒီအထုပ်ထဲက စမုံစပါး (cumin seeds) – လက်ဘက်ရည်ဇွန်း ၁ ဇွန်း ယူပါတယ်။ 

 

 

(မုန်ညင်းစေ့) mustard seed – လက်ဘက်ရည်ဇွန်း ၁ ဇွန်း 

 

 

ပျဉ်တော်သိမ်ရွက် (curry leave) – 7 ရွက် … အိမ်မှာတော့ သူ့အနံလေးကို ကြိုက်လို့ ၁၀ရွက်ကျော်တယ်။ 

 

 

ခရမ်းချဉ်သီး – ၁လုံး (ရှစ်စိတ်ခြမ်းထားလိုက်ပါ)

နံနံပင် – အနည်းငယ်

ကြက်သွန်ဖြူ – ၅ မွှာ

ငရုတ်သီးခြောက်တောင့် – ၅တောင့်

ငရုတ်ကောင်းမှုန့် – လက်ဘက်ရည်ဇွန်း ၁ ဇွန်း ( အစပ်ကြိုက်ရင် ၂ ဇွန်းလောက် ထည့်ချက်ပါ)

မုန်ညင်းစေ့ – လက်ဘက်ရည်ဇွန်း ၁ ဇွန်း

စမုန်စပါး – လက်ဘက်ရည်ဇွန်း ၁ ဇွန်း

ဆား – လက်ဘက်ရည်ဇွန်း ၁ ဇွန်းကျော်

ပျဉ်တော်သိမ်ရွက် – ၇ ရွက်ကျော်

မန်းကျည်းသီး – သံပုရာသီး အလုံးသေးလောက်

 

(ဓာတ်ပုံထဲက ဇွန်းက လက်ဘက်ရည်ဇွန်းတ၀က်သာသာလောက်ပါ။ အိမ်မှာ … အဲဒီလို ဇွန်းမျိုး နဲ့ ၂ ဇွန်း ထည့်ချက်ထားပါတယ်။)

 

 

ငရုတ်သီးအခြောက်တောင့်

 

 

ချက်မယ့်အိုးထဲမှာ –

ထမင်းစားဇွန်း နဲ့ ဆီ – ၂ ဇွန်းထည့်၊ ဆီ ပူလာတာနဲ့-

စမုန်စပါး နဲ့ မုန်ညင်းစေ့ကိုထည့်မွှေ –

တဆက်တည်း နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးအခြောက်တောင့်၊ ငရုတ်ကောင်းမှုန့်၊ ပျဉ်တော်သိမ်ရွက်ကိုထည့်မွှေ – 

ကြက်သွန်ဖြူကြော် နီးပါးလောက် ရပီဆိုတာနဲ့ 

ခရမ်းချဉ်သီး ရှစ်စိတ်ခြမ်း ထည့်မွှေပါ။

ရေကို ဟင်းရည်သောက် ပန်းကန်လုံးနဲ့ ၂ လုံးစာလောက် ထည့်ပါ။

ဆား – လက်ဘက်ရည်ဇွန်း ၁ ဇွန်း အရင်ထည့်ပါ။

 

တဖက်မှာ ဟင်းရည်သောက် ပန်းကန် ၂ လုံးစာကို ပွက်ပွက်ဆူနေအောင် တည်ပီး မန်းကျည်းသီး (အစေ့မပါ) သံပုရာသီး အသေး အရွယ်တော်လောက်ကို ၅ မိနစ်၊ ၁၀ မိနစ်လောက် တည်ပေးထားပီး

 

မန်းကျည်းမှည့်ရည် ရတာနဲ့ တဖက်က အိုးထဲ ပေါင်းထည့်ပေးလိုက်ပါ။

 

အရသာ မြည်းပီး ချဉ်၊ စပ် ခံတွင်းရှင်း အရသာ အနေအထား ရတာနဲ့ နံနံပင် အုပ်ပါ။

 

(အိမ်မှာ အရည်ကြည်ကြည်လေး သောက်ချင်တဲ့ အခါ ရေကို ပိုထည့်ပေးပီး သောက်ခါနီး အိုးမလုပ်စေပဲ – အပေါ်ယံ အရည်ကြည်ကိုပဲ ခပ်ထည့်ပီး သောက်တယ်။ အဖတ်များကို မထည့်တော့ပါဘူး)

 

ထမင်းနဲ့ နှယ်စားရင်တော့ အကုန်ထည့်ပါတယ်။

 

Advertisements

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s