အားလူးငပိကြော်

 Fried potato with fish paste ( Spicy )

အားလူးငပိကြော် – စပ်စပ်

ဘယ်လောက်တောင် စပ်လိုက်မလဲဆိုတာ ဓာတ်ပုံကို ကြည့်ပီး အလွယ်တကူ သိနိုင်မှာပါ ….

ထမင်းကို ဆီစိမ်းနဲ့ နှယ်ပီး ထမင်း တလုပ်ကို ဆီစမ်း ထမင်း များများ … အားလူး ငပိကြော် နည်းနည်း နဲ့ တွဲဖက်စားပီး … အင်တာနက်က ဟာသအငြိမ့် – ပြေတီဦး ဖောင်ဒေးရှင်း က တင်ဆက်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း ရင်တွင်းဖြစ် – မုဒိတာလွင်ပြင် အငြိမ့်ကို ကြည့်ရင်း စား … စပ်သွားရင်း  ရေနွေးကြမ်းလေး သောက် …

စားလည်း စား … ရီလည်း ရီ … စပ် လည်း စပ် … ရှူးရှဲ စပ် … စပ်

ထမင်း ဆီစမ်း များများ နဲ့ တွဲစားတာ .. ဒီအတိုင်း စားမယ်ဆိုရင်တော့ ငပိဖုတ်နဲ့ ငရုတ်သီးကို လျှော့မှ တော်ကြာ ကျမယ့် အားလူး ငပိကြော် ….

** ချက်၊ စားနည်း **

 

Pringless ( original ) အားလူးကြော် ၂ ဗူး

စိမ်းစားငပိ တဇွန်းလောက်ကို ကင်မယ့် ဗန်းထဲမှာ ခပ်ပြားပြား ကပ်လိုက်ပီး oven နဲ့ မိနစ် အနည်းငယ်လောက် ငပိဖုတ်ထားလိုက်ပါ။

ငပိဖုတ်

ဇွန်းဖြင့် ခြေထားသော ငပိဖုတ်

Dried Chili

ငရုတ်သီးတောင့်ခြောက်ကို ဆီပူအိုးထဲမှာ မီးမြေးမြေး အနေအထားနဲ့ ကြော်ထားလိုက်ပါ။

ကြက်သွန်ဖြူကို ပါးပါးလှီးပီး ဆီပူအိုးထဲမှာ မီးမြေးမြေး အနေအထားနဲ့ ကြော်ထားလိုက်ပါ။

Chilli Crushed

ငရုတ်သီး အကြမ်းမှုန့်

ဆီပူအိုးထဲမှာ ကြက်သွန်ဖြူ ကြော်ပီးတာနဲ့ တပြိုင်နက်ထဲ ငရုတ်သီး အကြမ်းမှုန့်ကိုပါ မီးမြေးမြေး အနေအထားနဲ့ပဲ ဆက်ကြော်ထားလိုက်ပါ။

ဒီမြေပဲဆန်က လှော်ပီးသား၊ ကြွပ်ပီးသား၊ ဆား ပါပီးသားမို့ သူ့ကို နောက်ဆုံးမှ ( မီးမြေးမြေး အနေအထား နဲ့ ) ထည့် ကြော်လိုက်ပါ။ ( မြေပဲဆန် အစိမ်း သို့မဟုတ် မလှော်ရသေးတဲ့ မြေပဲ ဆိုရင်တော့ အရင်ဦးဆုံး ကြော်ပီး ဆယ်ထားလိုက်ပါ။ အားလူး နဲ့ နှယ်တဲ့ အခါကျမှ ထည့်တာ ပိုကောင်းပါတယ်။ )

ကြွေဇလုံထဲမှာ ရှိသော အားလူးကြော်ထဲသို့ ငပိဖုတ်၊ ငရုတ်သီး အကြမ်းမှုန့် ဆီချက်၊ ကြက်သွန်ဖြူကြော်၊ မြေပဲကြော် တို့ နှင့် အတူ ငရုတ်သီးတောင့်ကြော်ပါ ထည့်ပီး ဇွန်း ၂ ချောင်းဖြင့် မွှေထားလိုက်ပါ။

အားလူးကြော်ကလည်း နဂို ဆားပါးပီသား၊ မြေပဲဆန်ကလည်း နဂို ဆားပါပီးသားမို့ ဘာမှ ထပ်မထည့်တော့ပါဘူး။ ( အစပ် သိပ်မစားရင် ၊ အားလူးငပိကြော်ကို ဒီအတိုင်းလေးပဲ ရေနွေးကြမ်း ခါးခါးလေးနဲ့ တွဲဖက် စားသောက်မယ်ဆိုရင် ) ငပိဖုတ် နှင့် အစပ်ကို လျှော့ထည့်ပါ။

အားလူးငပိကြော်

** စားသောက်ကုန် **

( Chilli Crushed ) ငရုတ်သီး အကြမ်းမှုန့်

ငရုတ်သီးပွတောင့်ခြောက်ကို ညက်နေအောင် မကြိတ်ထားတဲ့ ငရုတ်သီး အဖက်ကြီးကြီးများ ရှိသော ငရုတ်သီး အကြမ်းမှုန့်

Crushed red chillies ( ငရုတ်သီး အကျက်မှုန့် )

ငရုတ်သီး အကျက်မှုန့်

မုန့်ဟင်းခါး၊ အသုပ်စုံထဲ ထည့်စားသော ငရုတ်သီး အကျက်မှုန့် ( ငရုတ်သီးတောင့်ခြောက်ကို ကြွပ်နေအောင် လှော်လိုက်ပီး ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ထားသော ငရုတ်သီး အကျက်မှုန့် )

လွယ်လွယ်ကူကူ ကြည့်လိုက်ရင် သိတာက ငရုတ်သီးဖတ် အဖတ်ကြီးကြီးလေးပါတယ်။  ငရုတ်သီးကို လှော်ထားသော သိပ် မကျက်ချင်ဘူးဆို ငရုတ်သီး အကြမ်းမှုန့် ။

ငရုတ်သီးဖတ် ကျက်နေတာမျိုး .. ညက်နေအောင် ကြိတ်ထားတာမျိုးက ငရုတ်သီး အကျက်မှုန့် ။

အစိမ်းမှုန့်က ငရုတ်သီးကို လှော်ပီး အရမ်းကို မှုန့်နေအောင် ကျိတ်ထားတာမျိုး။

  

$ 2.75

 

  

ယိုးဒယား ပုစွန် ငပိ 

  

ဒီမှာ ပုစွန်ငပိ  ကို ယိုးဒယားက လာတာ တံဆိပ်အမျိုးမျိုး ၀ယ်လို့ ရသလို … ရေချို ငပိ ( ငပိဖျော်ရည် ) လုပ်တဲ့ ရေချို ငပိမျိုးကိုလည်း ငပိကောင် ပါ အပါ တံဆိပ်အမျိုးမျိုး နဲ့ ယိုးဒယားက လာတဲ့ ပုလင်းမျိုးတွေ ၀ယ်လို့ ရပါတယ်။ 

 မြန်မာမှာ စိမ်းစားငပိလို့ ခေါ်ဝေါ်တဲ့ ငပိ အမျိုးအစားက စိမ်းစားဥ နှင့် ပြုလုပ်ထားသော ငပိ အမျိုးအစား …

မြန်မာမှာ ၀ယ်လို့ရပါတယ်။

အမေရိကား လာတုန်းက ယူလာသေးတယ်။ စိမ်းစားငပိ ကို .. အခုတော့ ကုန်သွားပီ။

အခု ချက်ထားတာက ယိုးဒယားက လာသော ပုစွန်ငပိ

Advertisements