ကြေးအိုး ( ရန်ကုန် )
Rice vermicelli soup
rice cooker ထဲမှာ ၀က်နံရိုးတွေကို ကြက်သွန်ဖြူ နဲ့ ဂျင်းထောင်းထားတာ ရောထည့်လိုက်ပီး …
ရေကို အလော်တော်လောက် ထည့်ပီး ၀က်နံရိုးများကို ပြုတ်ထားလိုက်ပါ။
ကြိတ်ထားသော ၀က်သား ကို ဆား၊ ကြက်သားမှုန့်၊ ညက်နေအောင် ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့် တို့ နှင့် နယ်ပီး ကော်မှုန့်ကိုတော့ အသားလုံးလို့ ကောင်းတဲ့ အထိ ထည့်ပေးပါ။
  ဒီဝက်သားလုံးများကတော့ ၂၀၀ ဂရမ် ဖိုးလောက်။ သမီး .. Angel နဲ့အတူ ၀က်သားလုံး … လုံးထားတာပါ။
ဝက်အူ နဲ့ ၀က်လျှာများကို ရေသေချာ ဆေးပီး အနေတော်လေး လှီးထားပီးနောက် ဆား၊ ဟင်းခတ်မှုန့်၊ သကြားတို့ နှင့် နယ်ထားပါ။
ပဲပြားကို လှီးထားပါ။
Ready made ၀က်သားလုံးလေးတွေပါ ထည့်ချက်ထားပါတယ်။ 
ဆန်ကြာဇံကို ရေထဲမှာ ၁၅ မိနစ်လောက် ရေစိမ်ထားပေးပါ။
ဘေဘီ မုန်ညင်း  
ကျူဆိုင် 
ဘေဘီမုန်ညင်း၊ ကျူဆိုင်ကို လှီးဖြတ်ထားပါ။
ငုံးဥကို ပြုတ်ထားပေးပါ။
ကြေးအိုး ဆီချက် ပြုလုပ်ဖို့ အတွက် ကြက်သွန်ဖြူ ဆီချက် ကို လုပ်ထားပါ။
၁၅ မိနစ်လောက် ရေစိမ်ထားသော ဆန်ကြာဇံ 
ဝက်နံရိုး ပြုတ်တဲ့အခါမှာ ဝေ့တက်လာသော အဆီများကို ခပ်ထုပ်ပစ်ပါ။
မီးဖိုပေါ်ကို ၀က်ရိုး ပြုတ်ရည်ကြည်များ တင်ထားလိုက်ပီး။ ဆူပွက်လာသော အခါမှ ၀က်အူ၊ ၀က်လျှာ၊ ၀က်သားလုံး၊ ready made ၀က်သားလုံး၊ ထည့်ပါ။
အသားများ ကျက်သွားပီ ဆိုတော့မှ ကြာဇံ၊ ပဲပြား၊ ငုံးဥ ထည့်လိုက်ပါ။
အရသာ အနေတော်ပဲ ဆိုရင် မီးဖို မီး ပိတ်လိုက်ပီး။ ကျူဆိုင် နှင့် ဘေဘီမုန်ညင်း ထည့်လိုက်ရင် ရပါပီ။
ရန်ကုန်မှာ ချက်စားခဲ့ဖူးသော ၀က်ကြေးအိုး
ကြေးအိုး ဆီချက်ကတော့ အိမ်မှာ ချက်ပုံချက်နည်းက အဲဒီ အစုံရောပြုတ်ထားသော ကြေးအိုးပြုတ် အစာပလာဆာ တွေ အားလုံးကို ဇကာကွက် စိပ်စိပ်လေး ရှိတဲ့ ဇကာ ထဲ ထည့်လိုက်ပါတယ်။ ဇကာအောက်မှာ ဟင်းရည်ခွက်ထားပါတယ်။ ရေကို သေချာ စင်နေအောင် စစ်ထုပ်ပါတယ်။ ပီးမှ ပဲငံပြာရည် အကြည်၊ ကြက်သွန်ဖြူ ဆီချက်တို့ နှင့် ရောနှယ်လိုက်တဲ့အခါ ကြေးအိုး ဆီချက် ချက်ပီး သွားပါပီ။
YKKO ကြေးအိုး
YKKO ကြေးအိုးဆီချက်
YKKO ငရုတ်ဆီ
Comment
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Google photo
You are commenting using your Google account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s