ကြက်ဥထမင်းကြော်

သမီး နဲ့ သားလေး ကြိုက်တဲ့ ချက်ရတာလည်း မြန်၊ ပိုက်ဆံလည်း သိပ်မကုန်တဲ့ ကြက်ဥထမင်းကြော်။

မုန်လာဥနီ၊ ပြောင်းဖူးသေးကို အတုံးသေးသေးလေးတွေ လှီးပီး ဆီ နည်းနည်း နဲ့ ကြော်ပါ။ ခရုဆီလေး နည်းနည်းထည့်၊

ဆား လက်ဘက်ရည်ဇွန်း တစ်ဇွန်းလောက်ထည့်၊

ရေ ခပ်စပ်စပ်လေး ထည့်ပေးပီး အဖုံးအုပ်ထားပေးပါ။

ခဏလေးနဲ့ ကျက်သွားသော ဥနီ နဲ့ ပြောင်းဖူးကို ခဏ ဆယ်ထားပေးပီးနောက် ….

ကျန်သောဆီများဖြင့် ကြက်ဥ ၂ လုံးလောက် ဖောက်ထည့်လိုက်ပီး မွှေပေးပါ။ ကြက်ဥမွှေကြော်များ ကျက်လောက်ပီ ဆိုရင် ထမင်း၊ မုန်လာဥနီ၊ ပြောင်းဖူးကို ထည့်

ဆား လက်ဘက်ရည်ဇွန်း နဲ့ ၁ ဇွန်း၊ သကြား လက်ဘက်ရည်ဇွန်း တ၀က်၊ ထည့်ပေးပီး ဇွန်း – ယောင်းမ ၂ ချောင်းဖြင့် ခပ်ဖွဖွ  ကြော်ပေးပါ။

ထမင်းများ မစိုလွန်း မကျွတ်လွန်း အသင့်အနေတော် ကြော်ပီး ပီ ဆိုလျှင် ငရုတ်ကောင်းမှုန့်လေး ဖြူးပေးပါ။

ဒီ ကြက်ဥ ထမင်းကြော်က သားသား နဲ့ သမီးအကြိုက်။ သီဟိုစေ့လေး ပါရင် သူတို့ ၂ ယောက်က သီဟိုစေ့ ချည်းပဲ ရွှေးစားတတ်ကြတယ်။

ကြက်ဥထမင်းကြော်
ကြက်ဥ ထမင်းဂျိုးကြော်
တမင်တကာ ထမင်းဂျိုးကြော် စားချင်တာမို့ ကြက်ဥထမင်းကြော်ပီးတာနဲ့ မီးမပိတ်သေးပဲ မီးဖိုပေါ်မှာ ခဏလောက် ပစ်ထားလိုက်တယ်။
အဲဒီအခါမှာ ထမင်းကြော် ဂျိုးလေးတွေ ရတယ်။
ကိုယ်က ပဲပြုပ် ထမင်းဂျိုးကြော်လည်း ကြိုက်တယ်။
ကြက်ဥ ထမင်းဂျိုးကြော်လည်း ကြိုက်တယ်။
နို့ဆန်ပြုပ်တောင်မှ တမင် နို့ဆန်ပြုပ်အိုး ဂျိုးကပ်နေတဲ့ နို့ဆန်ပြုပ်အိုးကပ်လေးတွေကို ရွှေးစားတတ်ပါတယ်။
ကလေးဘ၀က စားခဲ့ဖူးတဲ့ အမှတ်တရ အစားအသောက်များပါ။
Advertisements

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s