ကြာဇံချက်

Bean vermicelli soup

ကြာဇံချက်၊ ဆား၊ ငရုတ်ကောင်းမှုန့်

ငရုတ်သီး အကျက်မှုန့်၊ နံနံပင်၊ သံပုရာသီး

နံနံပင်၊ သံပုရာသီးစိတ်

ငရုတ်သီး အကျက်မှုန့်

နံနံပင် နိုင်နိုင် (များများ) … အစာပလာ အဖတ်တွေ များနေလို့ ပါးပါးလှီးထားသော ကြက်သွန်နီတော့ မထည့်တော့ဘူး။ ကြာဇံချက် ဟင်းရည်များများ သံပုရာသီး တခြမ်းနီးပါးလောက်ညစ်ထည့်ပီး၊ ငရုတ်သီး အကျက်မှုန့် ၁ ဇွန်း၊ အခိုးတွေ ပွင့်ထွက်သွားအောင် ငရုတ်ကောင်းမှုန့်လေးပါ ထည့်။ ငံပြာရည်လေး နည်းနည်းလောက် ထပ်ဆမ်းထားသော ကြာဇံချက်။

ကြာဇံချက် ( စပ်စပ် )

အပေါ့ အငံ လိုသလို ဖြည့်စားဖို့ ….. ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီး အကျက်မှုန့် 

နှင့်

ကြာဇံချက်မှာ ထပ်ဖြည့်စားဖို့ …… ကြက်သွန်နီ၊ သံပုရာသီး၊ နံနံပင်

Dried black fungus

မှိုခြောက် (ကြွက်နားရွက်မှို)

ရေဆေးပီး ရေစိမ်လိုက်ရင် ကြီးလာတာမို့ ၂ခု ၊ ၃ ခုလောက်ပဲ ရေစိမ်ထားလိုက်ပါ။  

Dried Lily Flowers

ပန်းခြောက်

ပန်းခြောက် နည်းနည်းကို ရေဆေးပီး ရေစိမ်ထားလိုက်ပါ။

ရေစိမ်ထားပီးနောက် …. 

ကြွက်နားရွက်မှိုကို ပါးပါးလှီးထားပါ။

ပန်းခြောက်ကို အထုံး ချီထုံးထားလိုက်ပါ။

Bean Thread

ပဲပြားလိပ် ၂ချောင်း၊ ၃ ချောင်းလောက်ကို ရေစိမ်ထားလိုက်ပါ။

လှီးထားသော ပဲပြားလိပ်

Bean Vermicelli

ပဲကြာဇံ ကို ရေစိမ်ပီး

 (ကျောဘက်)

ပဲကြာဇံကိုပါ ကြက်သားအိုး တည်ထားတဲ့ အချိန်မှာ နာရီဝက်လောက် ရေစိမ်ထားလိုက်ပါ။

ရေစစ်ထားလိုက်ပါ။

ယိုးဒယားက ထုတ်တဲ့ Fried fish cake 

အရသာက ငါးဖယ်ကြော်လိုမျိုးပဲ

ကြက်သားတုံးတွေကို

ဆနွင်းမှုန့်၊

ငရုတ်သီး အရောင်တင်မှုန့်၊

ဆား၊

ဟင်းခတ်မှုန့်၊

ငံပြာရည် နဲ့ နှယ်ပေးထားလိုက်ပီး ….

ဆီ အနည်းငယ်ထည့်ထားတဲ့ ချက်မယ့်အိုးထဲမှာ …

ကြိတ်ထားသော ( ထောင်းထားသော ) ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ ကို ဆီသတ်၊

နှပ်ထားတဲ့ ကြက်သားတုံးတွေကို ထည့်မွှေ။

လေးစိတ်ခြမ်း ကြက်သွန်နီစိတ်တွေပါ တဆက်တည်း ထည့်ရောမွှေထားလိုက်ပါ။

ပီးမှ ရေကို ဟင်းပန်ကန်လုံး ၃ လုံးစာလောက် ထည့်ပီး

ကြက်ရိုးများ နူးအောင် …

Pressure cooker ဖြင့် တနာရီ နီးပါးလောက် တည်ပေးထားလိုက်ပါ။

ကြက်သားဟင်းအိုးကျက်ပီဆိုတာနဲ့ မှိုခြောက်၊ ပန်းခြောက်၊ ပဲပြားလိပ်များထည့်၊ ငံပြာရည် နည်းနည်းလောက်ထည့်လိုက်ပါ။

ရေ လိုသလောက် နည်းနည်း ထပ်ထည့်ပီး တည်ထားလိုက်ပါ။

မှိုခြောက်၊ ပန်းခြောက်၊ ပဲပြားလိပ်များ နူးစ ပြုလာခါနီးမှ ရေစိမ်ပီး ရေစစ်ထားသော နူးလွယ်တဲ့ ပဲကြာဇံကို ထည့်၊ ဟင်းရည်အိုး ချခါနီးမှ ငရုတ်ကောင်းမှုန့် ဖြူးပီး ချက်ထားသော အိမ်ချက် ကြာဇံချက် ….

( ငါးဖယ်ကြော်၊ ငုံးဥပြုပ်များလည်း ထည့်ရော ချက်လို့ရပါသေးတယ်။ )

ကြာဇံချက် ဟင်းရည် ပူပူလောင်လောင်ကို သံပုရာသီး ချဉ်၊ ချဉ်၊

ငရုတ်ကောင်းမှုန့် နှင့် ငရုတ်သီး အကျက်မှုန့် စပ်၊ စပ်၊

ငံပြာရည် နဲ့ ပြုတ်ချက်ထားသော ကြက်သားပြုပ်ရည်မို့ တစ်ပွဲတည်းနဲ့ ချဉ်၊ ငံ၊ စပ်ပီး

ဒီတပတ် အင်တာနက်ရှေ့ အချိန်များများ ထိုင်ဖြစ်နေလို့ရယ်။ ရာသီဥတု အေးပီး အခိုးပိတ်နေတာ ငရုတ်ကောင်းမှုန့်ကြောင့် အခိုးတွေပွင့်ပီး ….

အညောင်းထိုင်နေတဲ့ အကြောတွေလည်း တော်တော်လေး ပြေလျှော့သွားတယ်။

*** ဒါက Rice Vermicelli ပါ။ ကြာဇံကြော်သည့် နေရာမှာ သုံးသော ဆန်ကြာဇံ

Advertisements

2 comments on “ကြာဇံချက်

  1. Colourful အတိုင်း .. ၀ယ်ပီး ချက်စားကြည့်တာ စားလို့ ကောင်းတယ်ဗျာ …
    ကြာဇံချက် မစားရတာ ၃ နှစ်လောက် ရှိပီ။
    ချက်စားကြည့်တော့လည်း လွယ်လွယ်လေးပဲ။ ချက်နည်း အပြင် ဈေးဝယ်တာပါ ပုံနဲ့ ပြောပြထားလို့ ကျေးဇူးတင်တယ်ဗျို့ …

  2. မသိလို့မေးတာနော်. ညီမက အိမ်ထောင်ရှိလားဟၚ် တော် လို့

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s