Triple Chocolate Cake ( RM )

Triple chocolate cake

Assorted sprinkles

ကိတ်မုန့်မှာ ဒီဇိုင်းဆင်တဲ့ Candy cake decorations 

cake icing

ခရမ်နဲ့ ကိတ်မုန့် ဒီဇိုင်းဆင်တဲ့ ဗူး … tap ခေါင်း ၄ မျိုး ပါ ပါတယ်။

 drawing tip နဲ့ ဆိုရင် ကိတ်မုန့်ပေါ်မှာ Happy Birthday to Angel! ဆိုပီး ရေးလို့ရပါတယ်။  

 Ribbon Tip က ကိတ်မုန့် ဘေးသား မှာ လိုင်းလေးတွေ ဖော်လို့လည်း ရတယ်။ ကိတ်မုန့် မုန့်မျက်နှာမှာ ဘောင်လေးခတ်ပီး ဒီဇိုင်းဆင်လည်း လှတာပါပဲ။ ကိုယ့် စိတ်ကူး စိတ်သန်း အတိုင်း ကြိုက်နှစ်သက်သလို ကိတ်မုန့် အလှဆင်လို့ ရပါတယ်  … 

 Leaf Tip လည်း ကိတ်မုန့် မျက်နှာပြင်မှာ ဒီဇိုင်းဆင်လို့ ကောင်းပါတယ်။ 

Star Tip ကတော့ သမီး အကြိုက်ဆုံးပါ။ လွယ်လည်း လွယ်တယ်။ အိမ်မှာ ကလေး ၂ယောက်က ရေခဲမုန့်မှာ ဖြန်းတဲ့ Cream Wip ( Qwip ) ကို မြန်မာမှာကတည်းက စားနေကျမို့ ဗူးကို ဖွင့်တတ်၊ သုံးတတ်နေပါတယ်။  

ဒီ ကိတ်မုန့် ခရမ် ဒီဇိုင်းကလည်း အဲဒီလိုမျိုးပဲ သုံးရတာပါ။ Wip သုံးသလိုမျိုးပဲ Tip ခေါင်းလေးကို လက်ညိုးလေးနဲ့ စောင်းပီး ခရမ်ညစ်လိုက်ရုံပါပဲ။ ခလေးတွေ သုံးရတာ အရမ်းလည်း လွယ်သလို အဆင်လည်း ပြေတယ်။ လိုသလောက်ကိုပဲ Tip ခေါင်းကို လက်ညိုးလေးနဲ့ ဖိ စောင်းပီး … ကိတ်မုန့်ပေါ်မှာ ခရမ် ဒီဇိုင်း ဆင်ထားတာပါ။

သမီးလေး မွေးနေ့ကိတ်မုန့်အတွက် သမီးက အိမ်မှာ ကိုယ့်ဘာသာကိုယ် မွေးနေ့ကိတ်မုန့်လုပ်ချင်တယ်ဆိုလို့ Stop and shop Supermarket ကနေ လိုအပ်တာလေးတွေ ၀ယ်ပေးထားလိုက်ပါတယ်။

ဒီ ချောကလက်ကိတ်မုန့် က Triple chocolate အရသာပါ။ ချောကလက် ကြိုက်သော အိမ်က သားသားနဲ့ သမီးအကြိုက်ပေါ့။

ကိတ်မုန့်ဗူး အညွှန်းအတိုင်း အရင်ဦးဆုံး oven ကို 350º F preheat … oven ကို မုန့်မဖုတ်ခင် oven ပူနေအောင် ကြိုဖွင့်ထားလိုက်ပါ။

အညွှန်းအတိုင်း ကြက်ဥ ၃ လုံးကို အရင်မွှေထားလိုက်ပါ။

ကိတ်မုန့် ပါကင်ဗူးကို ဖွင့်လိုက်ရင် အထဲမှာ ၂ ထုပ်ပါတယ်။

အညိုရောင် အထုပ်က cake pounch

အဖြူရောင် အထုပ်က chocolate pounch

Vegetable oil – 1/3 cup

1 cup – water

cake pounch ကိတ်မုန့်သားထည့် ပီး မွှေစက်နဲ့ သမီး တလှည့် ….

သားသား တလှည့်မွှေပါတယ်။ ( သားသားမွှေတော့ မာမီ ပါ မွှေစက် ကို တူတူ ကိုင်ထားပေးပါတယ်။ )

( ဘေစင်ထဲ ကြွေဇလုံထည့်ထားပီး မွှေစက် နဲ့ မွှေတာ ကလေး ၂ယောက်အတွက် safe side ယူထားပါတယ်။ )

မွှေပီး ကိတ်မုန့်သား

chocolate pounch ချောကလက် မုန့် အနှစ်အတွက် … အထုပ်မှာ ချောကလက်ခဲတွေတောင် ပါနေလို့ ကလေးများက သဘောကျနေတယ်။

water – 1/3 cup ထည့်ပီး ဇွန်းနဲ့ သမီးလေး  မွှေထားပါတယ်။

ကိတ်မုန့်သားများ လောင်းထည့်၊ ဓါးနဲ့ မုန့်မျက်နှာပြင် ညီအောင် ညှိပီး oven ကို အရင် ပူအောင် ကြိုဖွင့်ထားတဲ့ preheat oven ထဲ မုန့်ဗန်းကို ထည့် …

အိမ်က Pan size က 13″ x 9 ” – 30 minute မုန့်ဖုတ်ထားပါတယ်။ ( ကိတ်မုန့်ဗူးပေါ်မှာ pan size အရွှယ်အစားပေါ် မူတည်ပီး မုန့်ဖုတ်ရမယ့် ကြာချိန်ကို ညွှန်ကြားပေးထားပါတယ်။ )

မုန့်ဖုတ်တဲ့ ဗန်းကို မုန့်ကျက်ပီဆိုတာနဲ့ ရေခဲသေတာထဲမှာ ၁၅ မိနစ်လောက် အအေးခံထားလိုက်ပါ။

အရင်ဦးဆုံး အညွှန်းအတိုင်း စည်း ပလပ်စတစ်ကို ခွာ … ဗူး အဖုံး အထဲက ကာဗာ ပလပ်စတစ်ကိုပါ ခွာ –  microwave မှာ အဖုံးဖွင့် –  35 seconds အပူပေးလိုက်ပါ။

ပီးရင် အဖုံးကို ပြန်ပိတ်ပီး 30 seconds လောက် shake လုပ်လိုက်ပါ။

နောက်တခါ microwave ထဲ 10 second လောက် ထပ်ပီး အပူပေးလိုက်ပါ။

( စကားမစပ် … ကိုယ့် microwave ထဲ ပလပ်စတစ် နဲ့ အပူမပေးပါဘူး။ ဖိုင်ဘာ ပန်းကန်လည်း အပူမပေးဘူး။ မိုက်ခရိုဝေ့ သီးသန့်သုံး ပန်းကန်များနှင့်သာ အပူပေးတတ်ပါတယ်။ ဒီ ချောကလက်ရည်ဗူးကတော့ ပန်းကန်ထဲ ညစ်ထည့်လို့လည်း မရပါ။ made in usa မို့လို့ရယ် … ပလပ်စတစ်ကို အကြာကြီး အပူပေးတာ မဟုတ်တာမို့ … အပူပေးကြည့်တာ … သုံးရတာ တော်တော် အဆင်ပြေပါတယ် … )

ချောကလက်ဗူးထဲက ချောကလက်ရည်ပါ ထပ်ဆမ်း အပီး

ချောကလက်ရည်ဆမ်းထားသော ကိတ်မုန့်သားပေါ်မှာ candy cake decoration ဆင်ထားသော မွေးနေ့ကိတ်မုန့်

သားသားနဲ့ သမီး cake decoration ဆင်ထားသော သမီးလေး မွေးနေ့ ကိတ်မုန့်

Flower ပုံစံ ဖော်ထားသော ခရမ်ဒီဇိုင်း

ကိတ်မုန့် ဘေးနားမှာ ပါ ခရမ်လိုင်းလေးတွေ .. ခရမ် ပန်းပုံဖော်ထားသော သမီးလေး မွေးနေ့ ကိတ်မုန့်

cream သုပ်ပီးတော့ ရေခဲသေတာ အောက်ထပ်ထဲ နာရီဝက် .. တနာရီလောက် ထည့်ပီးမှ ကိတ်မုန့် လှီးပါ။

ကြယ်ပုံစံ မွေးနေ့ ဖယောင်းတိုင်များ – Candle Sticks

Advertisements

One comment on “Triple Chocolate Cake ( RM )

  1. Pingback: Birthday Cake | Colourful Recipes

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s