Vietnam Grocery

ချိတ်ထားတာက သံဇကာကွက်

မုန့်ဟင်းခါးထဲ ထည့်စားတဲ့ ပဲကြော် ကို ခပ်ဝိုင်းဝိုင်းလေး လိုချင်တယ်ဆိုရင် ..

အဲဒီ သံဇကာကွက် ကို အရင်ဆုံး ဆီပူထဲ နှစ်ထားပါ။

ပီးမှ အဲဒီ သံဇကာကွက်ထဲ ကုလားပဲ နှင့် မုန့်နှစ်ကို ခပ်ပါးပါးလောင်းချပီး ဆီနှစ်ကြော်ပါက ပဲကြော် ၀ိုင်းဝိုင်း အနေအထားကို ရနိုင်ပါတယ်။

သံဇကာကွက် ဆိုဒ် အမျိုးမျိုးရှိပါတယ်။ ကော်ဖီပန်းကန်ပြားဆိုဒ်ကနေ ဆိုဒ် အသေးဆုံးထိ ရှိပါတယ်။

ဝက်သားလုံးတို့ ကြက်သားလုံးတို့ ကြော်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ ကျက်ပီဆိုရင် သံဇကာကွက်ကို မပီး ဆီစစ်ခပ် ရုံပါပဲ။

အသဲပုံ သံဇကာကွက်များလည်း ရှိပါတယ်။

သစ်သားခုံက အုန်းသီးခြစ်တဲ့ ခုံ …

အုန်းသီးခြမ်းဖြင့် အုန်းသီးဖတ်များ ခြစ်သည့်ခုံ

မုန့်လင်မယားလည်း လုပ်လို့ရတယ်။

ဟင်းအိုး အဖုံးလည်း လုပ်လို့ရတယ်။

ဒီဘက်ခြမ်းက ကျောကုန်းယားရင် ကုပ်တဲ့ အတံ၊ အလယ်က ဂျုံများကို လိမ့်တဲ့ ဒလိမ့်တုံး .. များသောအားဖြင့် ပေါက်ဆီ .. ဆန်မှုန့်များ ပြုလုပ်တဲ့နေရာမှာ ပေါ့ပေါ့ပါးပါး သုံးတတ်ကြပါတယ်။ တချောင်းမှ ၁ ဒေါ်လာကျော်ပဲ ၇ှိပါတယ်။

သူ့ဘေးက ဆီစစ် ဇကာကွက် အသေးဆုံး .. အ၀ိုင်း ဇောက်နက်နက် သံဇကာကွက် ဇွန်းတံများ

ဗီယက်နမ်ဆိုင်မှာ ရောင်းသော – ဘဲကင်

SOY SAUCE ဖြင့် ကင်ထားသော ကြက်ကင်

ဝက်ခေါက်ကင်

ဒညင်းသီး

ငါးပုလင်းများတောင် ၀ယ်လာပါတယ်။

ဒညင်းသီး ပုလင်းဈေးနှုန်း

ရှမ်းခေါက်ဆွဲ၊ မြီးရှည် နှင့် တွဲစားဖို့ ၀က်ခေါက်ကြော်

Plum အသီး ( မက်မန်းသီး လို့ ပြောရမလား )

Plum အသီး နှင့် Green tea ကို ရောပီး လုပ်ထားသော ကျောက်ကျော ဂျယ်လီ

ကျောက်ကျောရည်လိုမျိုး ဖျော်သောက်လို့ ကောင်းပါတယ်။

သကြားရည် အထုပ်လည်း ပါတယ်။

မြန်မာလို ကန်စွန်းဥ အုန်းနို့သာကူ

ဗီယက်နမ် အခေါ်အဝေါ် ( ချီဘာဘာ )

မုန့်ကြာစေ့လိုမျိုးပါပဲ …

မြန်မာလို မုန့်ကြာစေ့

ဗီယက်နမ် အခေါ်အဝေါ် ( ချီဆောက်ယို )

ထညက်ရည် အရသာက ဂျင်းလေး နည်းနည်းထည့်ထားလို့ ပူရှိန်းရှိန်းပဲ။

ဆန်မုန့်လုံး အသေးတွေက မုန့်ကြာစိလိုမျိုးပဲ ဘာမှ မပါပေမယ့်

အလုံးကြီးကြီး ၂ လုံးက အထဲမှာ ပဲ ပါတယ်။

အုန်းနို့ဗူး အသေးလေးလည်း ထည့်ပေးထားပါသေးတယ်။

အချဉ်ပေါင်း ( သရက်သီးစိမ်း )

ကြာရှည်ခံ စိမ်ထားတဲ့ သရက်သီးစိတ်မို့လို့ အရသာက သရက်သီးစိမ်းလိုမျိုး မချဉ်ပဲ .. ဖွယ်ပီး ချဉ်စုပ်နေပါတယ်။

ချဉ်တဲ့ အရသာတော့ ရှိတယ်။ ဒါပေမယ့် အရသာက ဖွယ်နေပါတယ်။

ဝက်ခေါက်ချဉ်

ဌက်ပျော်သီး၊ ပဲ ကောက်ညှင်းထုပ်

ပေါက်ဆီ

Mung bean ( ပဲသီးတောင့် ) အရသာ ပါတဲ့ အုန်းနို့ကျာက်ကျော

Advertisements

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s