ကောက်ညှင်းဆနွင်းမကင်း

ကောက်ညှင်းဆန် ( sweet rice ) – ၄ ခွက်

ထောပတ် – 2 အောင်စ

သကြား – ၂ ခွက်

ဆား – လက်ဘက်ရည်ဇွန်း ၁ ဇွန်း

ကြက်ဥ – ၂ လုံး

အုန်းနို့ + အုန်းသီးခြစ် – ၁ ခွက်

လေးညင်းပွင့် – အနည်းငယ်

သစ်ကြားပိုးခေါက် – အနည်းငယ်

မြေပဲ -၁ ခွက်

အုန်းသီးခြစ်

ကောက်ညှင်းဆန် ( sweet rice ) ၄ ခွက် …  နှင့်

ရေ ၄ ခွက် ကို rice cooker နဲ့ အရင် ချက်ထားလိုက်ပါ။

ကြက်ဥ – ၂ လုံး၊ သကြား – ၂ ခွက်၊ ဆား – လက်ဘက်ရည် ၁ ဇွန်းကို အရင်မွှေလိုက်ပါ။

ပီးတာနဲ့ အုန်းနို့ရည် နဲ့ အုန်းသီးခြစ်ကို ထည့်မွှေပါ။

မီးဖိုပေါ်မှာ မီးမြေးမြေးနဲ့ ထောပတ် ၂အောင်စ ကို အရည်ဖျော်ပီး ထောပတ်ဆီ ခပ်ထားလိုက်ပါ။

( ထောပတ်က ၄အောင်စ (သို့) ရေချိန်ခွက်နဲ့ ချိန်ရင် 1/2 ခွက်လောက် ထည့်ပီး မုန့်ဖုတ်လို့ရပါတယ်။ )

အိုးထဲမှာကျန်တဲ့ ထောပတ်ဆီ နည်းနည်းလေးနဲ့ သစ်ကြားပိုးခေါက်၊ လေးညင်းပွင့်ကို ဆီသတ်ပါ။

မြေပဲဆန်ကို ထည့်၊ 

မီးဖိုမီးပိတ်ပီး ….

မွှေပီးသော ကြက်ဥ၊ သကြား၊ ဆားကို ထည့်၊

ပေါင်းထားသော ကောက်ညှင်းများကို ထည့်ပီး သမအောင် မွှေထားလိုက်ပါ။

မွှေပီးနောက် …

Oven Foil ထဲမှာ ထောပတ်ဆီကို အရင်ထည့်ပီး

ကောက်ညင်းများကို ထည့် … မျက်နှာပြင် ညီညီလေး ညှိပေးထားလိုက်ပါ။

မုန့်မျက်နှာပြင်ပေါ်မှာ ထောပတ်ဆီ တဇွန်းကျော်လောက် ထပ်ဖြန်းလိုက်ပါ။

oven ထဲ ထည့် …

( ကောက်ညှင်းများက ကျက်နေပါပီ။ ဆနွင်းမကင်းဗန်းကို အပေါ်မီးပေးပီး မုန့်ဖုတ်ရုံပါပဲ။

မြန်မာမှာဆိုရင် ဆနွင်းမကင်းဗန်းအပေါ်ကနေ .. ဒန်အိုးအဖုံး တင်ပီး .. မီးသွေးခဲ ပူပူများ တင်၍ ဆနွင်းမကင်းဖုတ်တတ်ကြပါတယ်။ )

အောက်မီး အရင်စပေးလိုက်ပါ။

အောက်မီး … 350 °F – 15 minutes 

အပေါ်မီး ။ Broil – 15 minutes

မုန့်ဖုတ်ပီး ခဏ အအေးခံထားလိုက်တယ်။

ကောက်ညှင်း ဆနွင်းမကင်း 

Advertisements

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s