ငါးထမင်းချဉ်

ငါးထမင်းချဉ်

Jasmine rice ကို ပုံမှန် ချက်နေကြထက် ရေလေး နည်းနည်း ပိုထည့်ပီး ချက်ထားလိုက်ပါ။

တဆက်တည်းမှာပဲ … အားလူးကိုလည်း ပြုပ်ထားလိုက်ပါ။

ခရမ်းချဉ်သီး ၃ လုံးလောက် ပြုပ်ပါ။

ခရမ်းချဉ်သီးတွေ နူးလာတာနဲ့ အခွံခွါပီး ခရမ်းချဉ်သီး အနှစ်ကို ဆား၊ ဆနွင်းမှုန့်ရောပီး … မွှေချက် ချက်ထားလိုက်ပါ။

ဗီယက်နမ် ငါးအသားလွှာကို ဆား၊ ဆနွင်းမှုန့် နှင့် နှယ်ပီး ၊  ဆန်ချိန်ခွက်နဲ့ ရေတ၀က်ကျော်လောက် ထည့် … မီးမြေးမြေးနဲ့ ရေခမ်းပြုပ်လိုက်ပါ။

တပြိုင်တည်း အိုး ၃ လုံးနဲ့ ပြုတ်ထားလိုက်ပါ။

ပါးပါးလှီးထားသော ကြက်သွန်ဖြူတွေကို ဆနွင်းမှုန့် နဲ့ ဆီချက် ချက်ထားပါ။

ကြက်သွန်ဖြူကြော် 

ခရမ်းချဉ်သီး အနှစ်

ခြေထားသော ( ငါးပြုပ် နှင့် အားလူးပြုပ် )

ထမင်း၊

ငါးအသားလွှာ၊

အားလူး၊

ခရမ်းချဉ်သီး အနှစ်၊

ဆား အနည်းငယ်၊

ကြက်သွန်ဖြူ ဆီချက်

တို့နှင့် ငါးထမင်းကို ခပ်စေးစေးလေး နယ်ထားလိုက်ပါ။

ငါးထမင်းချဉ် နှင့် တွဲဖက်စားဖို့ ( Fish cake ကို ကြော်ပီး .. ပါးပါးလေး ညှပ်ထားလိုက်ပါ။ )

ဗီယက်နမ်ဆိုင်မှာ ၀ယ်လို့ ရသော ဌက်ပျောရွက်

တွဲဖက်စားဖို့ ( ဆီပူထဲမှာ ငရုတ်သီးခြောက်ကို ခပ်မဲမဲလေး တူးနေအောင် အရင်ကြော်ထားလိုက်ပီးမှ ကျန်နေတဲ့ ဆီအနည်းငယ်မှာ ငရုတ်သီး အကျက်မှုန့် နှင့် ဆားတို့ကို ထည့်ပီး ငရုတ်သီး ဆီချက် ချက်ထားလိုက်ပါ။ )

နံနံပင်၊ ကြက်သွန်မြိတ် နှင့် ဂျူးမြစ်အစား ကိုက်စားဖို့ ကြက်သွန်ဖြူ

နယ်ထားသော ငါးထမင်းနယ် ပေါ်မှာ ကြက်သွန်ဖြူ ဆီချက်များနှင့် အတူ ငါးအသား၊ ကြက်သွန်မြိတ်တို့ကို ဖြူးပါ။

ဌက်ပျောဖက်ရွက်ပေါ်က ငါးထမင်းနယ်

ခပ်စေးစေး နှယ်ထားသော ( ငါးထမင်းနှယ် ) ငါးထမင်းချဉ်ကို ခရမ်းချဉ်သီး အနှစ်များများ နဲ့ အားလူး အနည်းငယ်နဲ့ သုပ်ပီး

 ကြက်သွန်ဖြူ ဆီချက်မှာ ကြက်သွန်ဖြူကြော် များများ၊ ငါးအသားများများ၊ ငရုတ်သီးဆီချက်နဲ့ တွဲဖက်စားသောက်ရတာကို ပိုကြိုက်ပါတယ်။

စပ်သွားရင်တော့ ရေနွေးကြမ်း ပူပူ သောက်တာပေါ့။

ခပ်စေးစေး ထမင်းကို ငါးအသားပြုပ်၊ အားလူးပြုပ်များဖြင့် နှယ်ထားတာမို့ စားလိုက်ရင် အီပါတယ်။

မအီအောင် ခရမ်းချဉ်သီး အနှစ် ( အချဉ်အရသာ ) အပါ နှယ်ထားတာမို့ ငါးထမင်းချဉ်က စားလိုက်တဲ့အခါမှာ မအီပါဘူး။

အစပ်အရသာ ဂျုးမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးကြော်၊ ငရုတ်သီးဆီချက်ဖြင့် တွဲဖက်စားသုံးပါက စားမြိန်ပါတယ်။

ဂျုးမြစ်

Advertisements

One comment on “ငါးထမင်းချဉ်

  1. ချက်စားကြည့်အုံးမယ်။ လွယ်လွယ်လေးနော်။ ၀ယ်စားတုန်းက ဟင်းချက်တာ ချက်မယ်ထင်နေတာ .. မီးမီးက ဟင်းတွေ သိပ်မချက်တတ်ဘူးလေ 😛

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s