ကြံခင်းထမင်းသုပ်

ရန်ကုန်မြို့တော်၊ ပန်းဆိုးတန်း နှင့် ဗိုလ်ချုပ်လမ်းထိပ်မှာ ဖွင့်လှစ်ထားတဲ့ Ruby Mart Shopping Mall အပေါ်ထပ် .. စားသောက်ဆိုင်တန်းက ကြံခင်း ထမင်းသုပ်

အိမ်ကို ပါဆယ်ဝယ်လာတာ …

ဆိုင်မှာ စားမယ်ဆိုရင် .. ဒီပန်းကန်ပုံစံမျိုး ပြင်ဆင်ပေးပါတယ်။ တပွဲကို ၅၀၀ကျပ် ( 2011 )

ကြံခင်းထမင်းသုပ်၊ ကြက်သွန်ဖြူ၊ သရက်ချဉ်၊ ငရုတ်သီးတောင့်ကြော်၊ မုန်လာဥနီ၊ ငါးဖယ်ကြော်၊ နံနံပင်၊ ဂျုးမြစ်၊ ပဲပင်ပေါက်ချဉ်ဖတ်

ကြံခင်းထမင်းသုပ် ( သုပ်နည်း – စိတ်ဝင်စားသူများအတွက် )

ပါမောက္ခ ဒေါက်တာ ဦးခင်မောင်ဝင်း (အသည်းအထူးကု) ပြောပြ ရေးသားထားသော ကြံခင်း ထမင်းသုပ် သုပ်ပုံ သုပ်နည်း  web site Link

မှာ ကြံခင်းထမင်းသုပ်ကို သုပ်ပုံ သုပ်နည်း ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ သွားပီး လေ့လာကြည့်ပါ။

အိမ်မှာ ကြံခင်းထမင်းသုပ် … အလွယ်တကူ သုပ်စားနည်း

– ကုလားပဲ အကျက်မှုန့်ကို မီးမြေးမြေး နဲ့ လှော်လိုက်ပါ။

– ပုစွန်ခြောက်မှုန့်ကိုပါ မီးမြေးမြေးဖြင့် လှော်ထားလိုက်ပါ။

– ငရုတ်သီးမှုန့်ကြော် အတွက် … ဆီကို ပူအောင် တည်ထားလိုက်ပီး ဆီကျက်ပီဆိုတာနဲ့ မီးဖိုမီး ခလုတ်ကိုပိတ်၊ ငရုတ်သီး အကျက်မှုန့်ကို ထည့်ကြော်ထားပါ။

– ဆီပူပီဆိုတာနဲ့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူထည့်၊ ဆနွင်းမှုန့်ထည့် ကြော်ထားသော ကြက်သွန်ဖြူ ဆီချက်။

– အချိုမှုန့်ထုပ်၊

– ငံပြာရည်

 ထမင်း၊ ကြက်သွန်ဖြူဆီချက်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးမှုန့်ကြော်၊ ငံပြာရည်၊ အချိုမှုန့် တို့နှင့် သုပ်စားသော …. ကြံခင်း ထမင်းသုပ်

ကြံခင်း ထမင်းသုပ်မှာ မန်ကျည်းမှည့်ရည် မပါဘူး။ မြန်မာ အသုပ်တွေမှာ မန်ကျည်းမှည့်ရည်ပါတော့ မအီဘူး။ ချဉ်၊ငံ၊စပ် အရသာ ဖြစ်ပါတယ်။

အခု ကြံခင်းထမင်းသုပ်ကျတော့ မန်ကျည်းမှည့်ရည် မပါဘဲ ပဲမှုန့်ကို လှော်ပီး သုပ်စားတာမို့ ပဲမှုန့်နံမွှေးမွှေး အရသာရှိသလို၊ ပုစွန်ခြောက်မှုန့်ကို လှော်ပီး သုပ်စားတော့ လတ်လတ်ဆပ်ဆပ်နဲ့ တမျိုး အရသာ ပိုရှိပါတယ်။ ထမင်းသုပ် စိမ့်စိမ့် အရသာမျိုးပါ။

မူလ ကြံခင်းထမင်းသုပ်ကို သရက်ချဉ်၊ မရမ်းသီး အချဉ်တို့နဲ့ တွဲစားတာဆိုတော့ မန်ကျည်းမှည့်ရည် မလိုတော့ပါဘူး။ ပဲမှုန့်နှင့် သုပ်ထားသော ထမင်းသုပ် စိမ့်စိမ့် အရသာကို သရက်ချဉ်လို အချဉ်မျိုးနဲ့ တွဲစားတာမို့ ပိုအရသာ ရှိပါတယ်။

ကြာဇံချက်

မုန့်ဟင်းခါး

မုန့်ဟင်းခါး ဟင်းရည်

ပါဆယ် ၀ယ်လာတာမို့ ပဲကြော်ကို သပ်သပ် ထုပ်လာပါတယ်။

ပဲကြော်ကို ပထမ မန်းတလေး ပဲကြော် မှတ်လို့ .. ဆိုင်က ပဲကြော်လို့ပြောတယ်။ ပဲကြော် အရသာပါပဲ။ မုန့်နှစ်များပီး ပဲ နည်းပေးမယ့် ကြွပ်ကြွပ်မွမွလေးမို့ မုန့်ဟင်းခါးနှင့် တွဲစားတာ စားလို့ကောင်းပါတယ်။

မုန့်ဟင်းခါး ပဲကြော်

ကြက်ကြော်

Advertisements

2 comments on “ကြံခင်းထမင်းသုပ်

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s