ဝက်နံရိုး ကုလားပဲဟင်း

ဝက်နံရိုး ကုလားပဲဟင်း

ဝက်နံရိုး

ကုလားပဲ – ၂ ခွက်
ဆား – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
ဟင်းခတ်မှုန့် – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
ဆနွင်းမှုန့် – လက်ဘက်ရည်ဇွန်း ( ၃ပုံ၁ပုံ )
ငရုတ်သီး အစိမ်းမှုန့် – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
ကြက်သွန်ဖြူ – ၂ မွှာ
ကြက်သွန်နီ – ၁ ဥ
စပါးလင် – ၁ ချောင်း
ဆီ – 1/4 ခွက်
ပျဉ်တော်သိမ်ရွက် – ၂ ခက်
မဆလာ – အနည်းငယ်

ဝက်နံရိုးကို အတုံးတုံးပီး ဆား၊ ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့်ဖြင့် နှယ်ပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်ကို ညက်နေအောင် ထောင်းပါ။

ဆီ ပူပီ ဆိုတာနှင့် ကြိတ်ထားသော ( ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင် )တို့ကို ဆီသတ်ပါ။
ဆီသတ်ပီး ၁ မိနစ်ကျော်လောက်ဆိုရင် … ၀က်နံရိုး ထည့်မွှေပါ။
ဝက်နံရိုးထဲက လုံးရေ ခန်းပီး အသားကျစ်လာရင် …
ကုလားပဲထည့်ပါ။

ကုလားပဲရည် စိမ်ထားသော ရေ နှင့် အတူ ရေကို ၀က်နံရိုးအသားတုံး မြုပ်ရုံ အပေါ် လက် ၂ လုံး သာသာလောက် ရေထည့်ချက်ပါ။

ဆား အနည်းငယ်ထည့်ပါ။

ဝက်နံရိုးများ  နူးလာရင် ပျဉ်တော်သိမ်ရွက်ထည့်ပါ။

မဆလာထည့်ပါ။

ဝက်နံရိုး ကုလားပဲဟင်း

Curry Leaf ( ပျဉ်တော်သိမ်ရွက် )

၃ ခက်ကို အမေရိကားမှာ US$0.79

Lemon Grass ( စပါးလင် )

စပါးလင်ကို အောက်ပိုင်းနား နည်းနည်းတိရုံဖြတ်ပီး …တ၀က်နီးပါး လောက် အလယ်ကနေ ဖြတ်ပီး ပါးပါးလှီးပါ။

ကြိတ်စက်ဖြင့်သော်လည်းကောင်း၊ ငရုတ်ဆုံဖြင့် ညက်နေအောင်ထောင်းချက်ပါ။

ပဲနီလေး ဟင်းချို ချက်သည့်အခါမှာ စပါးလင်ကို ငရုတ်ကျည်ပွေ့ဖြင့် စပါးလင် တချောင်းလုံး ထောင်းထုပါ။

စပါးလင် အပေါ်နားကို တပတ်လျှိုပီး ကျစ်နေအောင် ထုံးပီး ဟင်းချိုထဲ ထည့်ချက်ပါ။

ကြက်သွန်ဖြူထောင်းထားတာနှင့် ပဲနီလေးကို ဆီ၁ ဇွန်းလောက်နှင့် ဆီသတ်ပီး စပါးလင်ထုထောင်းထားတာရယ်၊ ဆားရယ်၊ ဟင်းခတ်မှုန့်နှင့် တွဲချက်ပီး .. ပဲနီလေး ကျက်ရင် ရေစိမ်ထားသော ပဲကြာဇံထည့် .. ချက်ရင် စားသောက်လို့ကောင်းတဲ့ ပဲနီလေး ပဲကြာဇံဟင်းရည်ကို ရရှိမှာပါ။

ကိုယ့်က အရမ်းကြိုက်တယ်။ မုန့်ဟင်းခါး အစားထိုး … တခါတရံ ဟင်းရည်သောက် အနေဖြင့် အိမ်မှာ ချက်စားတတ်ပါတယ်။

ပဲနီလေး၊ ပဲကြာဇံဟင်းရည်နှင့် အလိုက်ဖက်ဆုံးက ၀က်အူချောင်းကြော်ပါ။

အခု ချက်ထားတဲ့ ၀က်နံရိုး ကုလားပဲဟင်းမှာလည်း ကုလားပဲ နှင့် အတူ စပါးလင်ပါ ထည့်ချက်ထားတော့ ပိုပီး အရသာရှိပါတယ်။

Advertisements

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s