ပန်းဂေါ်ဖီသနပ်

ပန်းဂေါ်ဖီသနပ်

ခပ်လွယ်လွယ် … အိမ်မှာ နပ်တဲ့ သနပ်လုပ်နည်းက

ပန်းဂေါ်ဖီ

ကြက်သွန်ဖြူ

ငရုတ်သီးစိမ်း

သကြား

ဗီနီဂါ

အားလုံးရောပီး ပလပ်စတစ်ဘူးထဲမှာ ၄ နာရီ နှင့် ၆ နာရီကြား စိမ်ထားလိုက်ပါ။

( 4 hr ~ 8 hr )

Rice Vinegar

ဆန်ဗီနီဂါရည် စိမ်ထားသော ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်း

ဗီနီဂါရည်ကို သွန်ပစ်ပီး .. ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို ..

ဆီ အနည်းငယ်ထည့်ထားသော ဆီပူအိုးထဲမှာ ငရုတ်သီး အရောင်တင်မှုန့်ကို ( မီးမြေးမြေး ) ဖြင့် ဆီချက် ချက်ပါ။

ငရုတ်သီး ဆီကျက် ရပီ ဆိုတာနှင့် ( ဗီနီဂါ + သကြား ) နှင့် နှပ်ထားသော  ပန်းဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ထည့်မွှေပါ။

မုန်ညှင်းစေ့ အနည်းငယ်ထည့်၊ မဆလာအမှုန့် အနည်းငယ်ထည့်ပီး ( မီးမြေးမြေး ) ဖြင့် မွှေပါ။

မဆလာ အနံသင်း ပန်းဂေါ်ဖီသနပ်

သူ့အရသာက ဗီနီဂါရည် နှင့် ၆ နာရီလောက် စိမ်ထားလို့ အချဉ် အရသာလည်း ပါသလို

သကြားပါ ထည့် နပ်ထားတာမို့ အချိုလည်း ပါတယ်။

ငရုတ်သီး ဆီကျက်နဲ့ မွှေကြော်ပီး … မဆလာအုပ်ထားတာမို့ ဒန်ပေါက် နှင့် တွဲစားလို့ကောင်းသော ပန်းဂေါ်ဖီသနပ်

Advertisements