ကော်ရည်ခေါက်ဆွဲ

ကော်ရည်ခေါက်ဆွဲ

ကော်ရည်

ကော်ရည်ခေါက်ဆွဲ

ငပိဖုတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သံပုရာသီး တခြမ်းစာလောက် ညစ်ထားသော ငပိထောင်း ချဉ်ချဉ် စပ်စပ်  

အီကြာကွေး နှင့် ကော်ရည်ခေါက်ဆွဲ

ငပိထောင်းစပ်စပ် ပါ ထည့်ထားသော ကော်ရည်ခေါက်ဆွဲ

ဒီမှာ ရောင်းတဲ့ ကြက်သား ပုံစံ ( မြန်မာကြက်၊ အိမ်ကြက် ပုံစံမျိုး )

တပေါင်ကို $ 1.95 .. ကြက်သား တကောင်ကို ၂.၈ ပေါင်လောက် ရှိတယ် …

အသားတုံးတွေကို ခပ်ကြီးကြီး ခုတ်ထစ်ထားပါ ….

ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် အနောက် နဲ့ နှယ် …

ကြက်သွန်ဖြူ၊ ဂျင်း နဲ့ အိုးထဲမှာ အိုးပူတိုက်ထားလိုက်ပါ။

 အသားတုံး နဲ့ ဂျင်း ၊ ကြက်သွန်ဖြူ များ အိုးပူတိုက်ပီးမှ ရေကို အသားတုံး မြုပ်ရုံလေး … ထည့်ပီး

Pressure cooker နဲ့ မီးမြေးမြေး အနေအထား .. မိနစ် ၃၀ ပြုပ်ပီးတာနဲ့ .. အသားတုံးတွေကို ဆယ်ပါ …

ကြက်သားတုံးများကို အအေးခံပီးရင် …

ကြက်သားဖတ်တွေကို နွှင်ပါ။ ..

ဓားနဲ့ အသားတုံး ခပ်သေးသေး လှီး စိတ်ထားလိုက်ပါ။ …

ကျန်နေတဲ့ ကြက်ရိုးတုံးများ နှင့် ကြက်ရိုးတွေ အားလုံးကို  Pressure cooker ထဲ – ကြက်ပြုပ်ရည်နှင့် အတူ … နောက်ထပ် – ဟင်းရည်သောက် ပန်းကန်လုံး ( အကြီး ) ပမာဏ ရေ ၂ ခွက်လောက် ထပ်ဖြည့်ပီး

နောက်တကြိမ် .. ၄၅ မိနစ်လောက် မီးမြေးမြေး နဲ့ တည်ထားလိုက်ပါ ….

ကော်မှုန့် ( corn starch ) ကို လက်ဘက်ရည်ဇွန်း … ၄ ဇွန်း မောက်မောက်လောက် ထည့်

ကော်မှုန့်ကို အရင်ဆုံး ရေလေး နည်းနည်း နဲ့ ဖျော်လိုက်ပါ။

ကော်မှုန့် ဖျော်နေတုံးမှာ –

သကြား ၁ ဇွန်း၊

ပဲငံပြာရည် အကြည် ၁ ဇွန်း၊

ဆား ၁ ဇွန်း၊

ဟင်းခတ်မှုန့် ၁ ဇွန်း ထည့် .. ဖျော်ထားလိုက်ပါ …

မီးဖိုပေါ်မှာ …. ကြက်သားပြုပ်ရည် အိုးထဲက  ကြက်ပြုတ်ရည် သီးသန့် ယူထားလိုက်ပီး  … 

နာနတ်ပွင့် နှင့် တရုတ် ဖာလာစေ့

Dried Star Aniseed – နာနတ်ပွင့်

Chinese black cardamom – တရုတ်ဖာလာစေ့

နာနတ်ပွင့် ၂ ပွင့် နှင့် အတူ .. ( တရုတ်ဖာလာစေ့ ) စော်ကော်သီး တခုပါ ထည့်ချက်ထားလိုက်ပါ။ .. 

( တရုတ်မဆလာ အမှုန့် ထည့်ချက်လို့ရပါတယ်။ ) 

ပီးမှ … အသင့် ဖျော်ထားသော ကော်ရည်များ လောင်းထည့်လိုက်ပီး အဆက်မပြတ် မွှေပေးထားလိုက်ပါ ….

( လက်တဖက်က ကော်ရည်များကို ဖြည်းညှင်းစွာ လောင်းထည့်နေစဉ် –

ကျန်လက်တဖက်က ဟင်းရည်ကို ဇွန်းဖြင့် မွှေပေးထားပါ။ )

ဟင်းရည် ပွက်ပွက် ဆူတဲ့ အချိန်ကျမှ … ငရုတ်ကောင်းမှုန့်၊ ကြက်သားဖတ် နှင့် အတူ …

ကြက်ဥတစ်လုံးလောက် ပန်းကန်လုံးထဲမှာ ကြက်ဥ ခေါက်ထားတာ လောင်းထည့်ပါ။

( လက်တဖက်က ကြက်ဥများကို ဖြည်းညှင်းစွာ လောင်းထည့်နေစဉ် –

ကျန်လက်တဖက်က ဟင်းရည်ကို ဇွန်းဖြင့် မွှေပေးထားပါ။ )

ဒါမှ ကြက်ဥ အမျှင်များ ကော်ရည်ထဲမှာ အဖတ်သေးသေး အနေအထားဖြင့် စားချင်စဖွယ် ကော်ရည် ဟင်းရည် ရရှိပါမည်။ 

ရေနွေး ပွက်ပွက်ဆူ ထဲမှာ မှိုကို ၅ မိနစ်လောက် ပြုတ်အပီး

မှို များကို လှီးဖြတ်ထားလိုက်ပါ။

ပဲပင်ပေါက် အမြစ်များကို ရှင်းပီး …

မီးဖို မီး ပိတ်ထားသော ရေနွေး ပွက်ပွက်ဆူ ထဲ ၃ မိနစ်  ရေနွေး ဖျော် ပေးထားလိုက်ပါ …

( ပဲပင်ပေါက်ကို .. စကန့် ၃၀ ရေနွေးဖျော အနေအထား ဆိုရင်လည်း စားလို့ ကောင်းပါတယ်။ )

မှို၊ ပဲပင်ပေါက်

မီးပိတ်ထားသော မီးဖို မီးပေါ်က ရေနွေး ပွက်ပွက်ဆူ ထဲ ကန်စွန်းရွက်ကို ၂ မိနစ်လောက် ရေနွေးဖျော် ပေးထားလိုက်ပါ။…

( ကန်စွန်းရွက်ကို .. စကန့် ၃၀ ရေနွေးဖျော အနေအထား ဆိုရင်လည်း စားလို့ ကောင်းပါတယ်။ )

ကန်စွန်းရွက်

ပြုပ်ထားသော မှို၊ ( ရေနွေးဖျောထားသော ပဲပင်ပေါက် နှင့် ကန်စွန်းရွက် )

ဂျုံမှုန့် ကပ်နေသော ခေါက်ဆွဲဖတ်တွေကို မပြုပ်ခင် ဖွထားပါ။…

ဒီ ကြက်ဥ ခေါက်ဆွဲ ( wonton noddle ) က ကော်ရည်ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ .. အမျိုးမျိုး ချက်စားလို့ ကောင်းတယ် .. ပြုပ်ရတာလည်း အရမ်း လွယ်တယ် ..

ရေနွေးပွက်ပွက်ဆူထဲ .. ဂျုံမှုန့် ကပ်နေသော ခေါက်ဆွဲဖတ်တွေကို လက်နဲ့ အသာဖွပီး ၂ မိနစ်လောက် ထည့်ပြုပ်လိုက်ရုံပဲ ..

ပြုပ်နေတဲ့ အချိန် ဇွန်းနဲ့ တချက် ၂ ချက်လောက်မွှေပေးပီး .. ၂ မိနစ် ပြည့်တာနဲ့ ဇကာ ထဲ ထည့် ..

ရေစစ်ထားလိုက်ရုံပဲမို့ .. ချက်စားရတာ အရမ်း အဆင်ပြေတယ် ..

ခေါက်ဆွဲဖတ် ပြုပ် အပီး …

ကြက်သွန်ဖြူ ဆီချက်

ကြက်ဥခေါက်ဆွဲဖတ် ( အပြား )၊ မှို၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်၊ ကြက်သားဖတ်၊ ဆီချက်

 ကန်စွန်းရွက်၊ မှို၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူဆီချက်၊ ခေါက်ဆွဲ၊ မပြစ်မကျဲ ကော်ရည်

Advertisements

One comment on “ကော်ရည်ခေါက်ဆွဲ

  1. အမ​ရေ….thiriyadanar blog မှာpost ​တွေ
    တင်​တာ မ​တွေ့ဘူး​နော်​ အမpost ​တွေတင်​ပါ
    အုံး အမ​ရေးတာ​လေး​တွေဖတ်​ချင်​လို့ပါ

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s