Morning Buns

500 g / 18 oz flour

pinch of salt

20 g / 0.7 oz butter

25 g / 1 oz sugar

12 g / 0.4 oz fresh yeast

1 egg yolk

275 ml / 10 fl oz milk

50 g / 1.8 oz flour ( for dusting )

1 egg beaten with 2 tbsps water

0.5 tbsp rock salt

1 tbsp sesame seeds

………… …………

ဂျုံမှုန့် – 18 အောင်စ ( 2 1/3 cups )

ဆား – အနည်းငယ်

ထောပတ် – 1 အောင်စ .. သာသာလောက်

သကြား – 1/8 cup

Yeast – 1/4 oz

ကြက်ဥ အနှစ် – ၁ လုံး

နွားနို့ – 275 ml ( 1 cup ကျော်ကျော် )

ဂျုံ လုံး နှယ်ဖို့ ဂျုံမှုန့် အနည်းငယ်

ကြက်ဥ တလုံးကို ရေ ထမင်းစားဇွန်း ၂ ဇွန်း နှင့် အတူ ကြက်ဥ ခေါက်ထားပါ …

ဆား အနည်းငယ်

နှမ်း အနည်းငယ်

ပေါင်မုန့်ဖုတ်တဲ့ Yeast ( တစေး )

7g  ( 1/4 oz )

Yeast အထုပ် နောက်ကျော မှာ ဂျုံမှုန့် 500g ( 3 1/4 cups ) ကို အခု Yeast တထုပ်စာ ပါ …

YouTube ဗီဒီယို အတိုင်း yeast ကို အိမ်မှာ 12g မထည့်ပဲ 7g ပဲ သုံးထားပါတယ် …

1 cup = 8oz

1/3 cup = 2 2/3 oz

 ဂျုံမှုန့်ကို 2 1/3 cups ထည့်ပါ ….

ဆား အနည်းငယ်

ထောပတ် –  ၁ အောင်စ လောက် ထည့်ပါ…

၎ အောင်စ ထောပတ်တုံးရဲ့ ၄ ပုံ ၁ ပုံ ထည့်ပါ …

( ဓာတ်ပုံမှာ ထောပတ် အနေအထား မြင်စေချင်လို့ ၄ အောင်စ ထောပတ် ၂ တုံးကို ဓာတ်ပုံ ရိုက်ထားပါတယ် .. )

သကြား – 1/8 cup = 1 oz

နွားနို့ – 275 ml

ချိန်ခွက်  .. ဒီဘက်ခြမ်းကနေ ကြည့်ရင် 275 ml က အောင်စ နဲ့ ဆိုရင် 1 cup ကျော်ကျော်လေး ရှိပါတယ်

ကြွေဇလုံ ထဲမှာ ..

ဂျုံမှုန့်၊ ဆား၊ ထောပတ်၊ သကြား၊ Yeast၊ ကြက်ဥ အနှစ် ထည့်ပါ …

နောက်ပိတ်ဆုံးမှ နွားနို့ ထည့်ပါ …

 မွှေစက် ဖြင့် …

၅ မိနစ် slow speed မွှေပေးပါ …

၅ မိနစ် ပြည့်ရင် ခဏလောက် ရပ်လိုက်ပီး မွှေတဲ့ အချောင်းမှာ ကပ်နေတဲ့ ဂျုံတွေကို ခွါချပီး …

medium speed နဲ့ ၃ မိနစ်လောက်မွှေပေးပါ …

( ဂျိတ်ကောက်ပုံစံ မွှေစက် ဆို ပိုကောင်းပါတယ် ..

အိမ်မှာတော့ ဒီ မွှေစက်ပဲ ရှိလို့ ဒီ မွှေစက် နှင့် မွှေတာလည်း အဆင်ပြေပါတယ် )

မွှေစက် ဖြင့် မွှေပီးတဲ့ ဂျုံသားတွေကို ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားတဲ့ စားပွဲပေါ်မှာ ဂျုံသား ညက်အောင် လက်ဖနောင့်ဖြင့် ဖိ .. နှယ်ပေးပီး ညက်နေတဲ့ ဂျုံလုံးကို ပန်းကန်လုံးထဲ ထည့် …

လက်ကိုင်ပုဝါ ဖြင့် မိနစ် ၃၀ လောက် အုပ်ထားပေးပါ …

( တနာရီလောက် လက်ကိုင်ပုဝါ ဖြင့် အုပ်ထားလည်း ရပါသည် … )

လက်ကိုင်ပုဝါ ဖြင့် နာရီဝက်လောက် အုပ်ပေးထားလိုက်ရင် ဂျုံသားတွေက Yeast တန်ခိုး နဲ့ ဖောင်းကြွနေပါလိမ့်မယ် …

ဂျုံသားထဲမှာ ခိုနေသော လေများ ထွက်သွားအောင် လက်သီးဖြင့် ခပ်နာနာလေး ထိုးလိုက်ပီး ဂျုံများကို ပန်းကန်လုံးထဲမှ ထုတ်လိုက်ပါ …

ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားသော စားပွဲပေါ်မှာ ဂျုံများကို အလုံးကနေ … အလျားရှည် လုပ်လိုက်ပါ …

တ၀က် ၀က် .. တ၀က်ကနေ ၄ ဖြတ်လောက် ဖြတ်လိုက်ပီး …

 ဂျုံ ၁၀ ပိုင်းလောက် ဖြတ်ထားပါ …

ဂျုံ ၁ တုံးကို ဂျုံ အချောင်း ရှည် ရှည် လက် ၂ ဖက်ဖြင့် လိမ့် လိမ့်ပေးပီး နောက် …

ဂျုံချောင်းကို တပတ်လျှို လေး ထုံးပေးလိုက်ပါ … ( ဆံထုံး ထုံးသလို ) ..

မုန့်ဖုတ်ဗန်းပေါ်က  မုန့်ဖုတ်စကူပေါ် တင် ပီးလျှင် လက်ကိုင်ပုဝါဖြင့်  မိနစ် ၂၀ လောက် အုပ်ထားပါ …

( တနာရီလောက် လက်ကိုင်ပုဝါ .. အုပ်ထားလည်း ရပါသည် …

၁ နာရီလောက် အုပ်ထားပီး လက်ကိုင်ပုဝါ ဖယ်လိုက်လျှင် Yeast တန်ခိုးဖြင့် မုန့်များ ကြီးထွားနေတာကို မြင်ရပါမည် )

တဆက်တည်းမှာပဲ .. oven ကို  မုန့်မဖုတ်ခင် 375 ºF နံပါတ် ထားပီး ကြိုဖွင့်ထားပါ …

ကြက်ဥ တလုံးကို .. ရေ ထမင်းစားဇွန်း – 2 ဇွန်း နဲ့ ခေါက်ထားတဲ့ အရည်ကို စုတ်တံလေး နဲ့ ပေါင်မုန့် ကို နေရာ အနှံ လိုက်သုတ်ပေးပီး နောက် …

 ဆားလေး အနည်းငယ်လောက် နှမ်း ပက်သလို ပက်ပေးပါ …

နှမ်းလေး အနည်းငယ်လောက် နှမ်း ဖြူးသလို နှမ်း ဖြူး ပေးပါ …

၁၅ မိနစ် မုန့်ဖုတ်အပီး ခရုပုံစံ ပေါင်မုန့်များ ….

 ………… …………

 ကိုယ့် ဒီနေရာလေးမှာ  .. အတွေ့အကြုံလေး တခု နဲ့ ပြောပြပေးချင်တာက …

ဂျုံကို စက် နဲ့ နှယ်တာပဲ ဖြစ်ဖြစ် … လက်နဲ့ နှယ်တာပဲ ဖြစ်ဖြစ် ဂျုံကို နှယ်နေတုန်းမှာ ရေ ( သို့ ) နွားနို့ ( သို့ ) ထောပတ် အရည်ကို ထည့်ပီး နှယ်သွားပါ …

နွားနို့ကို ကြွေဇလုံထဲ အရင် ထည့်ပီးမှ ဂျုံမှုန့် ထည့်ပီး နှယ်ရင် အဆင်မပြေတတ်တာကို တွေ့ရပါတယ် ..

( အားလုံး ပါပဲ .. ဆန်မှုန့် ၊ ကောက်ညင်းမှုန့်၊ ဂျုံမှုန့် နှယ်တာ အမှုန့်တွေကို ထည့်ပီးမှ ရေကို ဖြည်းညင်းစွာ ထည့်ပီး လက်နှင့် ဖြစ်ဖြစ် .. စက်ဖြင့် မွှေပါ )

မုန့်ဖုတ်တဲ့ အခါမှာ oven ကို ပူနေအောင် ကြိုပီး မိနစ် ၂၀ လောက် ကြိုဖွင့်ထားပေးပါ ….

oven ထဲ ထည့်တဲ့ အခါမှာလည်း oven အလယ် နေရာမှာပဲ မုန့်ဖုတ်မယ့် ဗန်းကို ထားပါ …

………… …………

အိမ်မှာ အုန်းသီးဖတ်လေးတွေ ရှိတာနဲ့ ပေါင်မုန့်လုံး ထဲ ဌာပနာ လိုက်ပါတယ် …

အုန်းသီး ဖတ်များဖြင့် ပြုလုပ်နိုင်သော မုန့် .. ချက်နည်းများ

အုန်းသီး အိတ်ပေါ်မှာ ပါသော မုန့်ဖုတ်နည်း နောက်တမျိုး …

ဂျုံလုံး လုံးလေး ဆိုရင်တော့ စားပွဲပေါ်မှာ ဂျုံကို လက်နှင့် ဖိပီး လိမ့်ပေးလိုက်ရင် ဂျုံက လုံးသထက် လုံးသွားပါလိမ့်မယ် ..

အဲဒီ ဂျုံလုံးကို ပြားပြားလေး လုပ်လိုက်ပီး အုန်းသီးဖတ်ထည့် …

အနားစ လေးတွေကို ပြန်စု လိုက်ပီး

အလယ်မှာ စုနေတဲ့ ဂျုံ ထုံးကို ခပ်ပြားပြား ပြန်ဖိလိုက်ပါ ..

( ပေါက်စီ ဆိုရင်တော့ ဒီနေရာမှာ ကွတ်ကီး စကူ သေးသေးလေး ကပ်ပီး ပေါင်းလိုက်ပါတယ် … )

ပက်လက်လှန်လိုက်ရင် တဖက်က ခပ်ပြားပြား ဂျုံလုံး အနေအထား ဖြစ်နေပါလိမ့်မယ် …

oven foil ထဲမှာ ကွတ်ကီး စကူ ခင်းပီး ဂျုံလုံးတွေကို စီထားလိုက်ပါ …

လက်ကိုင်ပုဝါဖြင့် မိနစ် ၂၀ လောက် အုပ်ထားပါ …

တဆက်တည်းမှာပဲ .. oven ကို 350ºF နံပါတ် ထားပီး ကြိုဖွင့်ထားပါ …

မိနစ် ၂၀ ပြည့်လို့ လက်ကိုင်ပုဝါကို ဖယ်လိုက်ရင် Yeast တန်ခိုးဖြင့် ဂျုံလုံးများ ဖြောင်းကြွနေတာကို မြင်ရပါလိမ့်မည် …

ကြက်ဥ အရည်ကို စုတ်တံဖြင့် နေရာ အနှံ သုပ်ပေးပီး နောက် ….

နှမ်းလေး ဖြူးပေးပါ …

oven ရဲ့ အလယ် နေရာမှာ မုန့်ဗန်းကို ထားပီး …

350 ºF – 30 မိနစ်လောက် ဖုတ်ပေးပါ …

ပေါင်မုန့် တလုံးခြင်းစီ ကြက်ဥ အရည်သုပ်ပီး မုန့်ဖုတ်လျှင် …

preheat oven ဖြင့် …

375 ºF – 15 မိနစ်

ပန်းပွင့်ပုံ ပေါင်မုန့်များ ဂျုံလုံး ဆက်ထားလျှင် …

350 ºF – 30 မိနစ်

လောက် မုန့်ဖုတ်မှ ပေါင်မုန့် ဂျုံသား များ အလယ်မှာ ဆက်နေသော ဂျုံသား အတွင်းပိုင်း များ ကျက်ပါလိမ့်မည် …

ပန်းပွင့်ပုံ ပေါင်မုန့်လေးပါ …

ကိုယ့်ရဲ့ ပထမဦးဆုံး အကြိမ် ပေါင်မုန့်ဖုတ်ထားတဲ့ အုန်းသီးပေါင်မုန့် ….

ခရုပုံစံ မနက်ခင်းစာ စားတဲ့ ပေါင်မုန့်များ ဖြစ်ပါတယ် ….

သူ ချည်း သပ်သပ် စားရင်လည်း အရသာ ရှိပါတယ် ..

ငါးသေတာ နှင့် တွဲဖက် .. စားသောက်ရင်လည်း စားလို့ ကောင်းပါတယ် …

ခရုပုံစံ .. ပေါင်မုန့် အတွင်းပိုင်း အနေအထား …

သူ့ကို တခု ချင်းစီ မုန့်ဖုတ် တာမို့ preheat oven ထဲမှာ 375ºF – ၁၅ မိနစ် လောက် မုန့်ဖုတ်ထားလိုက်ရင် ရပါပီ …

အတွင်းပိုင်း အနေအထားပါ မုန့် ကျက်ပါတယ် ….

ပန်းပွင့်ပုံ ပေါင်မုန့်ထဲကမှ ပေါင်မုန့်လုံး တလုံးကို ဖဲ့ယူလိုက်တဲ့ အတွင်းပိုင်း ပေါင်မုန့် .. မုန့်ကျက်နေတဲ့ အနေအထား …

ပေါင်မုန့်လုံး ထဲမှာ .. ဘာမှ မထည့်ပဲ .. ပေါင်မုန့်ဖုတ်လို့ ရသလို …

ပေါင်မုန့်လုံးထဲမှာ .. ပဲ .. အုန်းသီး .. ပူတင်း .. ခရမ် …  ကြက်အူချောင်း sausage များ .. အမျိုးစုံ ..

ကိုယ် ကြိုက်နှစ်သက်ရာများ ထည့်သွင်းပီး ပေါင်မုန့် ဖုတ်လို့ ရပါတယ် …

Credit – YouTube : http://youtu.be/kFFGgBVrlnI

Advertisements

4 comments on “Morning Buns

  1. Pingback: Bunny Buns | Colourful Recipes

  2. Pingback: Turtle buns | Colourful Recipes

  3. Pingback: ကိုယ့်ဘက်ကိုယ့်ယက်သော လိပ် | Thet Nandar Family

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s