ဆိတ်သားဒန်ပေါက်

ဆိတ်သား ဒန်ပေါက်

ဆိတ်သား ၄ ကဒ်၊ ၄ပေါင်လောက် ရှိတဲ့ ဆိတ်သားတုံးတွေကို ရေသေချာဆေးပါ။

ပီးရင် – ရှာလကာရည် ( သို့မဟုတ် ) သံပုရာသီး တလုံးလောက် ညစ်ပီး နာရီဝက်လောက် စိမ်ထားပါ။

စိမ်ထားပီးရင် ဆိတ်သားများကို ရေသေချာ ဆေးထားလိုက်ပါ။

ဆိတ်သားဈေးနှုန်း

တကဒ်ကို တပေါင်သာသာ အလေးချိန်

ဘီဒို အပေါ်ဆုံးထပ်က ready made ဒန်ပေါက်ဗူးကို ယူ …

အခု ချက်စားတာ ဒီ တံဆိပ် 

Date 

ဒန်ပေါက် မဆလာချက်နည်း အညွှန်း

ဆိတ်သား – ၄ ပေါင် … ကို ဒန်ပေါက် မဆလာ တ၀က် နှင့် အရင်နှယ် ပီး … ဒိန်ချဉ် ( ဆန်ချိန်ခွက် ) ၁ ခွက် နှင့် ထပ် နှယ်ပီး နှပ်ထားလိုက်ပါ။

ဘီဒိုထဲကနေ Ghee ( ထောပတ် ) ဗူး နှင့် အ၀ါရောင် အရောင်ဆိုးဆေးမှုန့်ပုလင်းကို ထုတ် …

Food Colour ( အ၀ါရောင် နှင့် အနီရောင် )

Food colour price

အရောင်ဆိုးဆေး – အ၀ါရောင် အမှုန့်ကို လက်ဘက်ရည်ဇွန်း ၃ ပုံ ၁ ပုံ .. နွားနို့ … ၇ ဇွန်း နဲ့ ဖျော်ထားလိုက်ပါ။

Ghee – Butter

Ghee Price

Curry Leaf ( ပျဉ်တော်သိမ်ရွက် ဈေးနှုန်း )

အချဉ်အတွက် – ပူစီနံ၊ ငရုတ်သီး နှင့်

ဟင်းထဲ ထည့်ချက်ဖို့ ပျဉ်တော်သိမ်ရွက်

ကြက်သွန်နီကို ပါးပါးလှီးပီး ရေစစ်ထားပါ … 

Ghee – 1 cup ကို အပူပေးပီး

 ထောပတ်အရည်ပျော်လာတာနဲ့ ( Medium Heat ) မီးမြေးမြေးဖြင့် – ကြက်သွန်နီတွေကို ကြော်ပီး ဇကာပေါ် ဖြန့်ထားလိုက်ပါ။

 ပျဉ်တော်သိမ်ရွက် ၂ ခက်လောက်ကို အရွက်တွေ ခြွေထားပီး Ghee ထောပတ်ဆီ နှင့် ဆီသတ်ကြော်လိုက်ပီးမှ

နှပ်ထားတဲ့ ဆိတ်သားထည့် ဆီသတ်ပါ။

ဆိတ်သား အသားတွေ ကျစ်လာမှ …

pressure cooker အဖုံးမပိတ်ခင် ကျန်နေတဲ့ မဆလာ အထုပ် တ၀က်ကို ထည့်မွှေပါ။

ဒီမဆလာ အထုပ်က အသား 750 g = ၁ပေါင်ခွဲ အတွက် မဆလာအမှုန့်

အဲဒီ တံဆိပ်က ကိုယ်တို့ မိသားစု အတွက်ဆိုရင် တော်တော်စပ်တယ်။

ဒါကြောင့် ၁ပေါင်ခွဲ အသား အတွက် … မဆလာကို အိမ်မှာ ဆိတ်သား ၄ ပေါင် နဲ့ ချက်တာမို့ ….

မဆလာ ကို အသားနဲ့ တ၀က် နှယ်ပီး ထောပတ်ဆီသတ် …

အဖုံးအုပ် ချက်ခါနီးမှ ..

နောက်ထပ် ဒန်ပေါက်မဆလာ တ၀က်ကို ထည့်အုပ်ပီး ချက်ပါ။ ….

ရေ မထည့်ပဲ …. ဆိတ်သားထဲက လုံးရေ နှင့်ပဲ pressure cooker မှာ ၁၅ မိနှစ် လောက် မီးမြေးမြေး နှင့် ချက်ထားသော ဆိတ်သားဟင်း။

၁၅ မိနစ်ပြည့်ရင် အဖုံးကို ဒီအတိုင်းပဲ ဆက်ပိတ်ထားပီး pressure cooker lock ကျမှပဲ အဖုံးဖွင့်လိုက်ပါ။ ….

ဒန်ပေါက် မဆလာဖြင့် ချက်ထားသော ဆိတ်သားဟင်း

Basmati Rice ( ဒန်ပေါက်ဆန် )

 မီးဖိုပေါ်က ရေနွေး ပွက်ပွက်ဆူထဲ ..

ဆားကို ထမင်းစားဇွန်း … ၃ ဇွန်း ထည့် ..

ဖာလာစေ့ – ၇ စေ့ ထည့် …

basmati – 6 cups ….

12 မိနစ် လောက် ချက်လိုက်ရင် မနှပ်တနှပ် ထမင်းကို ရပါပီ …

ထမင်းကို ဇကာ နှင့် ထမင်းရည် စင်နေအောင် စစ်ထားလိုက်ပါ။

ထမင်း ချက်နေတုန်း .. oven ကို 350ºF  ကြိုဖွင့်ပီး oven ပူနေအောင် ထား ထားလိုက်ပါ။

ဘီဒိုထဲက စပျစ်သီးခြောက် နှင့် သီဟိုဠ်စေ့ ထုပ်

Black Raisins

Cashews

ဘီဒိုထဲက Aluminum Foil ထုတ် …

ထမင်းဖြန့် ..

သီဟိုဠ်စေ့၊

စပျစ်သီးခြောက်ထည့်၊

ဆိတ်သားထည့်၊ ကြက်သွန်ကြော်ဖြန့်၊ ဆိတ်သား အသား အနှစ် နှင့် ဆီပါ ထည့် …

အပေါ်ကနေ ထမင်း ထပ်ဖြန့် …

အရောင်ဆိုးဆေး ဖြန်း 

Aluminum Foil အုပ်ပါ။ 

Oven ထဲ ထည့် …

350º F – 30 minutes

ဆိတ်သား ဒန်ပေါက် ရပါပီ …

ဇွန်း နှင့် မွှေအပီး ….

အချဉ်အတွက်

ဂေါ်ဖီ

ခရမ်းချဉ်သီး

နံနံပင်

ပူစီနံ

ကြက်သွန်နီ

ငရုတ်သီးစိမ်း

သံပုရာသီး

ဆား

ဘာလချောင်ကြော်

သရက်သီးသနပ်

ပန်းဂေါ်ဖီသနပ်

ဆိတ်သားဒန်ပေါက်

Advertisements