Buns & Rose

Buns & Rose

Ingredients :

  1. All purpose flour – 2 1/3 cups
  2. Yeast – 7g  ( 1/4 oz )
  3. Salt – 1/8 tsp
  4. butter –  1 Oz
  5. Sugar – 1/8 cup = 1 oz
  6. Milk – 275 ml ( 1 cup )
  7. 1 egg
  8. 50 g / 1.8 oz flour ( for dusting )
  9. 1 egg beaten with 2 tbsps milk
  10. 0.5 tbsp – rock salt
  • Mix the flour, sugar, salt, egg and instant yeast in a bowl.
  • Mix the milk, butter into the mix.
  • Knead 1-2 times, form into a ball.
  • Cover with a damp kitchen towel and let rise in a warm, draft-free place for 1 hour to 2 hours depending on how warm your room is. The dough should double in size.
  • You can shape your rose’s how ever you want.
  • Preheat oven to 350ºF .
  • Make egg yolk and the 2 teaspoon milk and brush the crocodile.
  • Let rise in a warm palace. Bake at 350ºF – 18 minutes, or until rose is golden brown and firm to the touch.
  • Let cool on a wire rack. Serve at room temperature, or reheated.

Cover with a damp kitchen towel and let rise in a warm, draft-free place for 1 hour to 2 hours depending on how warm your room is. The dough should double in size.

traingle shape ( for leaf )

Preheat oven – 375ºF – 18 minutes ~ 20 minutes

  1. ဂျုံမှုန့် – 18 အောင်စ ( 2 1/3 cups )
  2. ဆား – အနည်းငယ်
  3. ထောပတ် – 1 အောင်စ .. သာသာလောက်
  4. သကြား – 1/8 cup
  5. Yeast – 1/4 oz
  6. ကြက်ဥ အနှစ် – ၁ လုံး
  7. နွားနို့ – 275 ml ( 1 cup ကျော်ကျော် )
  8. ဂျုံ လုံး နှယ်ဖို့ ဂျုံမှုန့် အနည်းငယ်
  9. ကြက်ဥ တလုံးကို နွားနို့ ထမင်းစားဇွန်း ၂ ဇွန်း နှင့် အတူ ကြက်ဥ ခေါက်ထားပါ …
  10. ဆား အနည်းငယ်

ကြွေဇလုံ ထဲမှာ ..

ဂျုံမှုန့်၊ ဆား၊ ထောပတ်၊ သကြား၊ Yeast၊ ကြက်ဥ အနှစ် ထည့်ပါ …

နောက်ပိတ်ဆုံးမှ နွားနို့ ထည့်ပါ …

 မွှေစက် ဖြင့် …

၅ မိနစ် slow speed မွှေပေးပါ …

၅ မိနစ် ပြည့်ရင် ခဏလောက် ရပ်လိုက်ပီး မွှေတဲ့ အချောင်းမှာ ကပ်နေတဲ့ ဂျုံတွေကို ခွါချပီး …

medium speed နဲ့ ၃ မိနစ်လောက်မွှေပေးပါ …

မွှေစက် ဖြင့် မွှေပီးတဲ့ ဂျုံသားတွေကို ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားတဲ့ စားပွဲပေါ်မှာ ဂျုံသား ညက်အောင် လက်ဖနောင့်ဖြင့် ဖိ .. နှယ်ပေးပီး ညက်နေတဲ့ ဂျုံလုံးကို ပန်းကန်လုံးထဲ ထည့် …

ရေစိုလက်ကိုင်ပုဝါ ဖြင့် ၁နာရီ မှ ၂ နာရီ လောက် အုပ်ထားပေးပါ …

လက်ကိုင်ပုဝါ ဖြင့် တစ်နာရီလောက် အုပ်ပေးထားလိုက်ရင် ဂျုံသားတွေက Yeast တန်ခိုး နဲ့ ဖောင်းကြွနေပါလိမ့်မယ် …

ဂျုံသားထဲမှာ ခိုနေသော လေများ ထွက်သွားအောင် လက်သီးဖြင့်  ထိုးလိုက်ပီး ဂျုံများကို ပန်းကန်လုံးထဲမှ ထုတ်လိုက်ပါ …

ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားသော စားပွဲပေါ်မှာ ဂျုံများကို အလုံးကနေ … အလျားရှည် လုပ်လိုက်ပါ …

တ၀က် ၀က်ပါ။

ဂျုံ တ၀က်ကို ဂျုံ အချောင်း ရှည် ရှည် လက် ၂ ဖက်ဖြင့် လိမ့် လိမ့်ပေးပီး နောက် …

ဒလိမ့်တုံးမှာ ဂျုံမှုန့် အနည်းငယ်သုပ်ပြီး ဂျုံကို ပြားသထက် ပြားအောင် ဆွဲ .. ဆွဲပြီး ဂျုံကို လိမ့်သွားပါ။

ဂျုံပြားကို လိပ်လိုက်ပါ။

သစ်ရွက် အတွက် တြိဂံပုံစံ ဖြတ်ပြီး

နှင်းဆီပန်းအတွက်ဆိုရင် ဂျုံပြားကို ၂ ထပ် ထပ်လိုက်ပြီး လိပ်ပါ။

ပြီးလျှင် တစ်လက်မ သာသာလောက် ဓါးဖြင့် ဖြတ်ပါ။

ဂျုံပြား ၂ ထပ် လိပ်ထားလျှင် နှင်းဆီပွင့်ဖတ် ပိုများတာမို့ နှင်းဆီ ပေါင်မုန့် ပိုလှပါသည်။

အိမ်မှာ အခု မုန့်ဖုတ်ထားတာက ဂျုံပြား တစ်ချပ်တည်းကို လိပ်လိုက်ပြီး ဓါးဖြင့် ဖြတ် ..

နှင်းဆီပုံစံကို အလယ်မှာ ထားပါ။

ဘေးပတ်ပတ်လည်လည်မှာ တြိဂံပုံစံ – သစ်ရွက်များ ၀ိုင်းရံပေးထားပါ။

ပြီးလျှင် အ၀တ်ဖြင့် ၁ နာရီလောက် အုပ်ထားပြီးမှ

ပေါင်မုန့်ပေါ်မှာ ကြက်ဥနှင့် နို့ ရောစပ်ပြီး စုပ်တံဖြင့် သုပ်ပေးပါ။

ကြိုတင်ပူနေအောင် ဖွင့်ထားသော preheat oven မှာ 350ºF – 18 min ~ 20 min ထိ ပေါင်မုန့် ဖုတ်ပါ။