Shrimp and mushroom
Garlic, onion and coconut
chilli powder
ဒယ်အိုးထဲမှာ ဆီလေး အနည်းငယ်လောက်ထည့်ပီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး အစိမ်းမှုန့်ကို ဆီသတ်ပီးတဲ့အခါမှာ ဆီဆူလာတာနဲ့ တပြိုင်နက် ခရမ်းချဉ်သီးလှီးထားတာကို ထည့်မွှေ၊ အုန်းနို့ကို ထည့် ( ထမင်းစားဇွန်း ၅ ဇွန်းလောက် အုန်းနို့ ထည့် )
အုန်းနို့ကနေလည်း ဆီထွက်တတ်လို့ စကတည်းက vegetable oil ကို နည်းနည်းပဲ ထည့်ပါ။)
ပီးရင် ဟင်းခတ်မှုန့် နဲ့ နှယ်ပီး နှပ်ထားတဲ့ ပုစွန် နှင့်အတူ စိတ်ထားတဲ့ mushroom ကို ထည့်မွှေ၊ မွှေတာ နှံစပ်သွားမှပဲ ရေကို နည်းနည်းပဲ ထည့်ပါ။
ဘာလို့လည်း ဆိုရင် mushroom က ရေထွက်တယ်။ ပုဇွန်ကလည်း မီးအပူငွေ့နဲ့တင် ကွေးပီး အသားကျက်တတ်သလို mushroom ကလည်း သူ့ထဲက ထွက်တဲ့ အရည်နဲ့လည်း မှိုကို ချက်လို့ ရတာမို့ အုန်းနို့နဲ့ မှို၊ ပုစွန် နှံစပ်အောင် မွှေပီးတဲ့အခါမှာ ငံပြာရည်လေး ၃စက်လောက် ထည့်၊ ရေလေး နည်းနည်းလောက် ထည့်ပီး အဖုံးအုပ်ထားလိုက်ပါ။
ဆီလေးပြန်လာရင် စားလို့ ရပါပီ။ သမီးကြိုက်တဲ့ဟင်းပါ။ သူ့အကြိုက် chilli powder ကို နည်းနည်းပဲ ထည့်ပေးထားတယ်။
ခရမ်းချဉ်သီးသာ ပါမယ်ဆိုရင် ခရမ်းချဉ်သီး အနှစ်ဖတ် ပန်းဆီရောင်လေးနဲ့ လှပနေမယ့် ဟင်းလေးတခွက်လေ။ အုန်းနို့နဲ့ချက်ထားတော့ ပုစွန်၊ မှိုတို့နဲ့ အဆီအနှစ်တွေ လိပ်တက်နေတဲ့ဟင်း၊ စားလို့ ကောင်းတယ်။ စားလိုက်ရင် နူးနူးညံညံလေးနဲ့ အရသာလည်း ရှိတယ်။