မုန့်ဟင်းခါး

မုန့်ဟင်းခါး၊ ပဲကြော်၊ ဘူးသီးကြော်၊ ငါးဖယ်ကြော် နဲ့ ချဉ်၊ ငံ၊ စပ် မုန့်တစ်ပွဲ

ငါးအသားများများ နှင့် ချက်ထားသော မုန့်ဟင်းခါးဟင်းရည် စမ်းပီး 

 မုန့်ဟင်းခါး၊ ဘူးသီးကြော်၊ ငါးဖယ်ကြော် 

 

မုန့်ဟင်းခါး မုန့်ဖတ် 

  မုန့်ဟင်းခါး ဟင်းရည်အိုး 

ငါးအသားလုံးကြော် ( ငါးဖယ်ကြော်လိုမျိုး ) 

ကြက်သွန်ဖြူ ဆီချက် 

နံနံပင်၊ သံပုရာသီး၊ ငရုတ်သီး အကျက်မှုန့်

ဘူးသီးကြော် 

ပဲကြော်၊ ဘူးသီးကြော် 

ရွှေချီ ဆနွင်းမကင်း 

မုန့်ဟင်းခါး နှင့် ရွှေချီ ဆနွင်းမကင်း 

ဘိန်းစေ့ ဖြူးထားသော ရွှေချီ ဆနွင်းမကင်း 

ရွှေချီ ဆနွင်းမကင်း 

Almond  ပါ ဖြူးထားသော ရွှေချီ ဆနွင်းမကင်း

** ချက်၊ စားနည်း ** 

ငါးအသားလွှာ တစ်ပေါင်ခွဲကျော် ဈေးနှုန်း 

 

 

စပါးလင်အမြစ်ကို ရှင်းပီး ဓါးဖနောင့်နှင့် ထု၊ အရင်းကို ကျစ်နေအောင် ထုံးလို့ပဲ ဖြစ်ဖြစ်၊ ကတ်ကြေးနဲ့လည်း  ဖြတ်ပီး ချက်ပါ။ 

ငါးပြုပ်မယ့် အိုးထဲမှာ စပါးလင်ကို အောက်မှာ ထားပီး အပေါ်မှာ ငါးအသားလွှာ ( ၅) လွှာကို တင်၊ ငံပြာရည် ( ဆန်ချိန်ခွက် နှင့် ၂ ခွက်ခွဲ ) ထည့်ပါ။

ရေကို ( ဆန်ချိန်ခွက် နှင့် တ၀က် ) လောက်ပဲ ထည့်ပီး ငါးကို ငံပြာရည် နှင့် မီးမြေးမြေး အနေအထား ( Medium Heat ) ရေခမ်းပြုပ်ထားလိုက်ပါ။

*** အငံ့ သိပ်မစားတဲ့ သူမျိုးဆိုရင် … ငံပြာရည်ကို ( ဆန်ချိန်ခွက် ( ထမင်းချက်သည့် အခါ သုံးသော rice cooker cup ) နှင့် တခွက်ပဲ ထည့်ပါ။ 

ဆန်ချိန်ခွက် နှင့် အိမ်မှာ သုံးသော ငံပြာရည် ပုလင်း 

 ငါးများ အိုးမကပ်အောင် မွှေပီး ရေခမ်းပြုပ်ထားသော ငါးပြုပ်အိုး 

 

ဆန်မှုန့်

 

 

ကုလားပဲမှုန့် ( အစိမ်း )

 

 

ဆန်မှုန့် – ဆန်ချိန်ခွက် တခွက်

ကုလားပဲမှုန့် – ဆန်ချိန်ခွက် တခွက်ကို မီးမြေးမြေး နဲ့ မီးဖိုပေါ်မှာ လှော်ထားလိုက်ပါ။ 

 

လှော်ပီး ဆန်မှုန့်၊ ပဲမှုန့်ကို ရေထည့်ပီး 

 

 

ညက်နေအောင် ဖျော်ထားလိုက်ပါ။

 

 

ငံပြာရည် နှင့် ရေခမ်းပြုပ်ထားသော ငါးကို ဆီသပ်ချက်မှာမို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို 

 

ကျိတ်စက်ဖြင့် ကျိတ်ထားလိုက်ပါ။ 

အေရှန်ဆိုင်မှာ ဌက်ပျော်အူက တခါတလေ ပင်စည်ပိုင်း ရတတ်သလို၊ ဒီတခေါက် ၀ယ်တော့ အရင်းပိုင်း ( ထိပ်ဖျားပိုင်း) ဖြစ်နေပါတယ်။  

ပါးပါးလှီးဖြတ်ထားလိုက်ပါ။ 

ဌက်ပျော်အူ

( ဒီလိုမျိုး ဌက်ပျော်အူများကို မုန့်ဟင်းရည်အိုး ဆူမှ ထည့်ပေးပါ။ နူးလွယ်ပါတယ် ) 

ငါးအသားလုံးကြော် 

 

 

 

 စိတ်ထားသော ကြက်ဥပြုပ်၊ ပါးပါးလှီးထားသော ငါးအသားလုံးကြော်၊ Shallot ( ရှလွတ် ) ကြက်သွန်နီ  

ငရုတ်ကောင်းမှုန့် တဇွန်းလောက်ကို မီးမြေးမြေးနဲ့ မီးသင်းထားလိုက်ပါ။ 

 

ချက်မယ့် 8 Quart အိုးထဲမှာ ဆီ ( ဆန်ချိန်ခွက် – တ၀က်ကျော်လောက် ထည့်ပီး ) ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းကို ထည့် ဆီသတ်၊

တအောင့်ကြာမှ ငရုတ်သီး အရောင်တင်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း မောက်မောက်ထည့် ဆီသတ်။ ငံပြာရည် နှင့် ပြုပ်ထားသော ငါးပြုပ်များထည့်မွှေ။ 

 

အသင့်ဖျော်ထားသော ဆန်မှုန့်၊ ပဲမှုန့် ဖျော်ထားတာလောင်းထည့်ပီး ဆက်တိုက်မွှေနေတုန်း။

 

ရေကို 8 Quart အိုး အပြည့်ထည့်ပီး အဆက်မပြတ်မွှေပေးထားလိုက်ပါ။

 

ပွက်ပွက်ဆူတော့မှ ကြက်ဥပြုတ်၊ ကြက်သွန်နီဥ၊ ငါးဖယ်ကြော်များထည့်၊ ဆား လိုသလောက်ထည့်၊

 

နောက်ဆုံးမှ မီးသင်းထားသော ငရုတ်ကောင်းမှုန့် ဖြူးပီး မွှေ …

 

ချက်ထားသော မုန့်ဟင်းခါး ဟင်းရည်အိုး

 

( ဟင်းရည်အိုးမှာ ထပ်ပီး ငရုတ်ဆီ အရောင် နီနီ ထပ်လိုချင်သေးရင် ဆီကို ကျက်နေအောင် အပူပေးပီး ဆီကျက်ပီဆိုတာနဲ့ မီးအရှိန်ကို လျှော့ …. ငရုတ်သီး အရောင်တင်မှုန့်ထည့်၊ ဆားနည်းနည်းထည့်ပီး ချက်ထားတဲ့ ငရုတ်သီး ဆီကျက်ကို တစ်ဇွန်း၊ ၂ ဇွန်းလောက် ထည့်မွှေပေးရင် မုန့်ဟင်းခါး ဟင်းရည်အိုးမှာ ငရုတ်သီး ဆီ နီနီ ဝေ့နေပါလိမ့်မယ် ) 

 

အိမ်မှာ ကလေးများလည်း စားမှာမို့ ဟင်းရည်အိုးအတွက် အစပ်က ဒီလောက်ပဲ ထည့်ချက်ပါတယ်။

 

 

ဒီတခေါက် အေရှန်ဆိုင်က ၀ယ်လို့ရလာသော Rice stick 

 

 

ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲမှာ rice stick များထည့် … ၁၀ မိနစ်လောက်ဆို နူးလာပီမို့ ဆယ်ပီး ရေအေးစိမ်၊ ဇကာနှင့် စစ်ထားသော မုန့်ဟင်းခါး မုန့်ဖတ်

 

 

ငါးဖယ်ကြော် လိုမျိုး

 

 

ပါးပါးလှီးထားသော နံနံပင်၊ သံပုရာသီး၊ ငရုတ်သီး အကျက်မှုန့် 

 

( ငရုတ်သီး အကျက်မှုန့်ကို ကိုယ်ဘာသာ ကိုယ် အိမ်မှာ လှော်ချင်ရင် ငရုတ်သီးအပွခြောက်တောင့်တွေကို လှော်ပီး ကြိတ်စက် နှင့် ကြိတ်လို့ရပါတယ်) 

 

ဆီကို ကျက်အောင် တည်ပီး ဆီကျက်ပီ ဆိုတာနဲ့ မီးအရှိန်ကိုလျှော့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူထည့်၊ ဆနွင်းမှုန့်ထည့်ပီး ကြော်ထားသော ကြက်သွန်ဖြူ ဆီချက်

 

 

ဘူးသီးကြော်နည်း ရေးခဲ့ပီးသော ပိုစ့် ( ဒီနေရာမှာ ကလစ်နှိပ်ပါ )

 

 

ပဲကြော်နည်း ရေးခဲ့ပီးသော ပိုစ့် ( ဒီနေရာမှာ ကလစ်နှိပ်ပါ )

 

 

မုန့်ဟင်းခါး နှင့် ရွှေချီ ဆနွင်းမကင်း

 

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s